![]() |
WTO ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ကြီး |
အမေရိကန်က ဒေါ်လာ ၁၆ ဘီလျံဖိုး ကုန်ပစ္စည်းတွေ အပေါ် အခွန်ကောက်တာနဲ့ ပတ်သက်ပြီး WTO ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ကြီးကို ဥပဒေ အခန်း ၃၀၁ အရ စုံစမ်း စစ်ဆေးပေးဖို့ သူတို့ တိုင်ကြားခဲ့ကြောင်း တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
ကြာသပတေးနေ့မှာ အခုလို မတင်သွင်းခင်က တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာန က ကွန်ပြုတာ အွန်လိုင်းကနေ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပြီး အဲဒီကြေညာချက် ထဲမှာတော့ လွတ်လပ်စွာ ကုန်သွယ်မှုကို အကာကွယ်ပေးဖို့နဲ့ သူ့ရဲ့ အကျိုးစီးပွါးဆိုင်ရာ ကာကွယ်ပိုင်ခွင့်တွေ အရ WTO ကနေ ဖြေရှင်းပေးဖို့ တိုင်ကြားမှာ ဖြစ်ကြောင်းဖေါ်ပြထားပါတယ်။
ကြာသပတေးနေ့မှာ စတင်တဲ့ အမေရိကန်က အခွန်တိုးကောက်မှုဟာ WTO က ပြဌာန်းထားတဲ့ ဥပေးကို ချိုးဖေါက်တာ ထင်ရှားကြောင်း လည်း ပြောပါတယ်။
အမေရိကန်နဲ့ တရုတ် ၂ နိုင်ငံဟာ အမေရိကန် ဒေါ်လာ ၁၆ ဘီလျံတန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေ အတွက် အခွန် ၂၅ ရာခိုင်နှုန်းစီကို ကြသပတေးနေ့မှာပဲ အပြန်အလှန် စတင်ကောက်ခံခဲ့ကြတာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
တရုတ်ကုန်စည် ကန်အခွန်ကောက်ခံမှု WTO ကိုတိုင်ကြား
Reviewed by THITHTOOLWIN
on
09:50
Rating:
