Myanmar Idol Season 3 ရဲ့ Winner ဆုကို ပြိုင်ပွဲဝင်ဖြိုးမြတ်အောင်က ဒိုင်ပွဲရပ်ဖြင့်ရရှိ


Myanmar Idol Season 3 Grand Final ကို သြဂုတ်(၁၁)ရက်၊ညပိုင်းက ရန်ကုန်မြို့ ရွှေထွဋ်တင်ဝန်းအတွင်းက HEXAGON COMPLEX မှာ ပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင်ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုတို့ နှစ်ဦးထဲကမှ ချမ်းမြေ့မောင်ချိုဟာ ကျန်းမာရေး အခြေအနေ အရ ၀င်ရောက် ယှဉ်ပြိုင်နိုင်ခြင်းမရှိတဲ့အတွက် ပြိုင်ပွဲဝင် ဖြိုးမြတ်အောင်က ဒိုင်ပွဲရပ်နဲ့ Winner ဆုကို ရရှိခဲ့ပါတယ်။

Voting စနစ်အရ နှစ်ဦးရှိမှ ပေးလို့ရတာဖြစ်ပေမယ့် ချမ်းမြေ့မောင်ချို ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိတဲ့ အတွက် ပြိုင်ပွဲရဲ့ စည်းမျဉ်းစည်းကမ်း အရ ကျန်တဲ့တစ်ယောက်ကို winner ပေးခဲ့တာဖြစ်ပါတယ်။

 ပြိုင်ပွဲမှာ Grand Final ကို တက်ရောက်နိုင်ခဲ့တဲ့ ဖြိုးမြတ်အောင် က မြန်မာအိုင်ဒေါရဲ့ အစီအစဉ်အတိုင်းRound(3)ခုနဲ့ တေးသီချင်းသုံးပုဒ် သီဆိုယှဉ်ပြိုင်ဖျော်ဖြေရတာဖြစ်ပါတယ်။

 Myanmar Idol Season 3 ရဲ့ Finalist ပြိုင်ပွဲဝင် အဆိုရှင် ချမ်းမြေ့မောင်ချိုဟာ အာသီးရောင်၊
တုပ်ကွေးရောဂါနဲ့ လေးဖက်နာ (ASO) ရောဂါ တွေကြောင့် သြဂုတ် (၉) ရက်က စတင်ကာ သုခကမ္ဘာဆေးရုံမှာ တက်ရောက် ကုသနေရတာ ဖြစ်ပါတယ်။ ဒီသတင်းကို Central News Bureau က ရဲမင်းထွန်းပေးပို့တာဖြစ်ပါတယ်။

One News Myanmar
https://www.facebook.com/onenewsmyan
Myanmar Idol Season 3 ရဲ့ Winner ဆုကို ပြိုင်ပွဲဝင်ဖြိုးမြတ်အောင်က ဒိုင်ပွဲရပ်ဖြင့်ရရှိ Myanmar Idol Season 3 ရဲ့ Winner ဆုကို ပြိုင်ပွဲဝင်ဖြိုးမြတ်အောင်က ဒိုင်ပွဲရပ်ဖြင့်ရရှိ Reviewed by THITHTOOLWIN on 22:27 Rating: 5
Powered by Blogger.