![]() |
AP Photo |
နိုင်ငံတည်ငြိမ်ရေးပျက်ပြားစေတဲ့ သတင်းအချက်အလက် ဒါမှမဟုတ် သတင်းမှားတွေ ထုတ်လွှင့်ရင် ပြစ်မှုမြောက်တယ်လို့ ပြဌာန်းထားတဲ့ ဥပဒေချိုးဖောက်မှုနဲ့ ဒီသီတင်းပတ်အတွင်း စွဲချက်တင်လိုက်တာလို့ ပါတီပြောခွင့်ရ အမျိုးသမီးက မနေ့က ပြောပါတယ်။
ပါတီခေါင်းဆောင်နဲ့ ပါတီရဲ့ facebook လူမှုကွန်ရက် စာမျက်နှာတွေမှာ ဇွန် ၂၉ ရက်က တိုက်ရိုက်တင်တဲ့ ဗွီဒီယိုနဲ့ ဆက်စပ်ပြီး စွဲချက်တင်တာလို့ ပြောပါတယ်။ ဒါပေမဲ့ ဥပဒေကို ဘယ်လိုနည်းနဲ့ ချိုးဖောက်ရာ ရောက်သွားသလဲဆိုတာကိုတော့ သူက မပြောပါဘူး။ ခုစွဲချက်တင်ခံရတဲ့လူ သုံးယောက်ကို ဒီနေ့ လာရောက်ဖို့ ရဲက ပြီးခဲ့တဲ့ရက်ပိုင်းမှာ သမ္မာန်စာ ဆင့်ခေါ်ပေမဲ့ အလုပ်တွေများနေတဲ့အတွက် ရှေ့လလယ်ပိုင်းထိ ရက်ရွှေ့ဆိုင်းပေးဖို့ မေတ္တာရပ်ခံမှာဖြစ်ပေမဲ့ ခုတော့ သူတို့ဟာ တရားစွဲဆိုခံရသူတွေ ဖြစ်သွားပြီလို့ ပြောပါတယ်။
Future Forward ဟာ လူငယ်နိုင်ငံရေးသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပါတီသစ်ဖြစ်ပါတယ်။
ခုအမှုဟာ စစ်အစိုးရတရားရေးအရာရှိက စွဲချက်တင်တာလို့ Thia Rath သတင်းစာက ဖော်ပြပါတယ်။ စစ်အစိုးရကို ဆန့်ကျင်စွပ်စွဲတာတွေ ဗွီဒီယိုမှာ ပြသထားပြီး အချက်အလက်တွေကို တဖက်လှည့်ပြီး ထိုင်းတရားရေးစနစ်ကို ပုတ်ခတ်ထားတယ်လို့ အဲဒီအရာရှိက ပြောပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
Future Forward ပါတီခေါင်းဆောင်တွေကို ထိုင်းစစ်အစိုးရတရားရေးအရာရှိက စွဲချက်တင်
Reviewed by THITHTOOLWIN
on
11:01
Rating:
