![]() |
၂၁ ရာစု ပင်လုံညီလာခံမှာ မိန့်ခွန်း ပြောကြား စဉ် |
မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဆိုင်ရာ စိမ်ခေါ်မှု နဲ့ ရှေ့အလားအလာ Myanmar 's Democratic Transition: Challenges and Way Forward ခေါင်းစဉ် နဲ့ လာရောက် ပြောကြားပေးဖို့ စင်ကာပူ အခြေစိုက် သုတေသန ဌာနက ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။
![]() |
ပြန်ကြားရေး ၀န်ကြီးဟောင်း ဦးရဲထွဋ် |
တက်ရောက်သူတွေ အနက် ယေဘုယျအားဖြင့် ပညာရှင်တွေ အများစု ဖြစ်ပြီး ၊ သံတမန် အသိုင်းအဝိုင်း ၊ စင်ကာပူ အစိုးရက တာဝန်ရှိသူတွေ ၊ စင်ကာပူက စီးပွားရေး လုပ်ငန်းရှင်တွေ ၊ တခြား စင်ကာပူ တက္ကသိုလ်က ပညာရှင်တွေ အပြင် စင်ကာပူ ရောက် မြန်မာ နိုင်ငံသားတွေ နဲ့ စင်ကာပူမှာ ကျောင်းတက်နေတဲ့ မြန်မာ ကျောင်းသူ ကျောင်းသားတွေကို ဖိတ်ကြားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လက်ရှိ မြန်မာ နိုင်ငံမှာ လာရောက် ရင်းနှီး မြုပ်နှံကြဖို့ ၊ မြန်မာ နိုင်ငံ အပေါ် ယုံကြည်မှုတွေ ရှိလာစေဖို့ အပြင် မြန်မာ နိုင်ငံ ရဲ့ အလားအလာတွေကို ဟောပြော လိမ့်မယ်လို့ ယူဆ ရကြောင်း ဦးရဲထွဋ် က ပြောပါတယ်။
အဓိက ကတော့ စီးပွားရေး ၊ ရခိုင် ပြည်နယ် အရေး နဲ့ ငြိမ်းချမ်းရေး တည်ဆောက်နေမှု အခြေအနေတွေကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်း ပြောကြားလိမ့်မယ်လို့ ထင်ကြောင်း သူက ဆိုပါတယ်။
BBC Burmese
https://www.bbc.com/burmese
စင်္ကာပူ နိုင်ငံ မှာ စီးပွားရေး၊ ရခိုင်အရေး နဲ့ ဒီမိုကရေစီ ပြောင်းလဲရေး ကို ဟောပြောမယ်
Reviewed by THITHTOOLWIN
on
07:25
Rating:
