ရန်ကုန်- မန္တလေးအမြန်လမ်း၌ ယာဉ်တိမ်းမှောက်ပြီး မီးလောင်


လှည်းကူး သြဂုတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၀/၂-၃) ကြားတွင် ယနေ့နံနက် ၁၁ နာရီ ၂၀ မိနစ်က ယာဉ်တစ်စီးတိမ်းမှောက်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၃)လမ်းဆုံ အမြန်လမ်းမကြီး ရဲစခန်းမှ စခန်းမှူး၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ လက်ထောက်ဦးစီးမှူး၊ အမြန်လမ်းဆောက်လုပ်ရေး (ပြင်/ထိန်း)အဖွဲ့မှ SAE ဦးမောင်မောင်ဦးပါ ပူးပေါင်းအဖွဲ့ သွားရောက်စစ်ဆေးရာ ပဲခူးမှအပြန် နေပြည်တော်မှ ရန်ကုန်ဘက်သို့ မအူကုန်းရပ်ကွက်၊ တာမွေမြို့နေသူ ဇော်နိုင်ဦး (၂၅)နှစ် မောင်းနှင် လာသော 9J/------- KLUGER (အဖြူရောင်)ယာဉ်သည် မိုင်တိုင်အမှတ်(၁၀/၂-၃)ကြားအရောက် တွင် ယာဉ်မှာလမ်း၏ ဝဲဘက်သို့ဆွဲ၍ လမ်းလယ်ကျွန်းပေါ်ရောက်ရှိ တိမ်းမှောက်ခဲ့ပြီး ယာဉ်၏ ဦးခေါင်းပိုင်းမှစ၍ မီးစတင်လောင်ကျွမ်းခဲ့သည်။

 ယာဉ်ပေါ်ပါ ခရီးသည် အမျိုးသား(၂)ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရပြီး အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် 9J/------- KLUGER (အဖြူရောင်) ယာဉ်သည် ယာဉ်တစ်စီးလုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ဇော်နိုင်ဦး(၂၅)နှစ်အား အမှတ်(၃) လမ်းဆုံ အမြန်လမ်းမကြီးရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ရန်ကုန်- မန္တလေးအမြန်လမ်း၌ ယာဉ်တိမ်းမှောက်ပြီး မီးလောင် ရန်ကုန်- မန္တလေးအမြန်လမ်း၌ ယာဉ်တိမ်းမှောက်ပြီး မီးလောင် Reviewed by THITHTOOLWIN on 20:06 Rating: 5
Powered by Blogger.