![]() |
ပရိတ်သတ် ၅ သောင်းကျော် အားပေးတဲ့ ဘရစ်တနီရဲ့ ဗြိတိန်ဖျော်ဖြေပွဲ |
ဒီဖျော်ဖြေပွဲက ဗြိတိန်နိုင်ငံမှာ ပြုလုပ်တဲ့ LGBT ခွဲခြားဆက်ဆံမှု ပပျောက်ရေးအတွက် ပြုလုပ်တဲ့ပွဲတခုမှာ ဘရစ်တနီက လာရောက် ဖျော်ဖြေတာလည်း ဖြစ်ပါတယ်။
ထူးခြားတဲ့ ဖျော်ဖြေပွဲ ဖြစ်သလို ပရိသတ်တွေက အခုလို လာရောက်အားပေးလို့ ကျေးဇူးတင်တယ်၊ ချစ်ပါတယ်လို့ ဘရစ်တနီစပီးယားက သူရဲ့တွစ်တာမှာ ရေးသားခဲ့ပါတယ်။
![]() |
ပရိတ်သတ် ၅ သောင်းကျော် အားပေးတဲ့ ဘရစ်တနီရဲ့ ဗြိတိန်ဖျော်ဖြေပွဲ |
ပွဲမှာ လာရောက်အားပေးသူတွေက သက်တံရောင်စုံပါတဲ့အလံတွေကို ဝှေ့ယမ်းကိုင်ဆောင်ထားကြသလို၊ ပွဲလာပရိသတ် တချို့ကလည်း ဘရစ်တနီရဲ့ ပုံစံတူမျက်နှာဖုံးတွေ သူဝတ်ဆင်လေ့ရှိတဲ့ ဝတ်စုံတွေကို ဝတ်ဆင်ပြီး ဆင်နွဲခဲ့ကြပါတယ်။
အဲဒီပွဲကို ထောင်သောင်းချီတဲ့ ပရိသတ်တွေက တညလုံးနီးပါး ပါဝင်ဆင်နွဲခဲ့ကြပါတယ်။ ပွဲအခမ်းအနားကို လန်ဒန်မြို့လယ် မီးရထားဘူတာရုံနားမှာ ကျင်းပခဲ့တာပါ။
ဗြိတိန်နိုင်ငံမှာ ၂ ပတ်ကြာ ဖျော်ဖြေမယ့် ဘရစ်တနီရဲ့ဂီတဖျော်ဖြေပွဲကို လန်ဒန်မြို့ အပါအဝင် စကားဘိုရို၊ မန်ချက်စတာနဲ့ ဂလပ်စကို မြို့တွေမှာလည်း ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။
BBC Burmese
https://www.bbc.com/burmese
ပရိသတ် ၅ သောင်းကျော် အားပေးတဲ့ ဘရစ်တနီရဲ့ ဗြိတိန်ဖျော်ဖြေပွဲ
Reviewed by THITHTOOLWIN
on
20:32
Rating:
