(၆)မိုင်အပန်းဖြေစခန်း၊ ရေကစားဥယျာဉ် ရေကူးကန်အတွင်း ရေနစ်သေဆုံးမှု ဖြစ်ပွား


မန္တလေးမြို့အနီး (၆)မိုင်အပန်းဖြေစခန်း၊ ရေကစားဥယျာဉ် ရေကူးကန်ရှိ ရေလွှာလျှောစီးရာမှ ရေကန်အတွင်း ရေနစ်သေဆုံးမှု သြဂုတ် ၁၁ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၁၁ရက် ညနေ ၅ နာရီ ၄၅ အချိန်တွင် မန္တလေးပြည်သူ့ဆေးရုံကြီး၌ ရေနစ်သေဆုံးနေသည့် အမျိုးသားအလောင်း(၁)လောင်းရောက်ရှိလာကြောင်း သတင်းအရ ပြင်စာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ မြစ်ငယ်မြို့၊ ရန်ကင်းရပ်ကွက်နေ သန်းဇော်မိုး(၂၃)နှစ် ဖြစ်ပြီး ၎င်းသည် သူငယ်ချင်းများနှင့်အတူ ပြင်ဦးလွင်မြို့နယ် ရဲရွာကျောက်ချောလမ်း၊ (၆)မိုင်အပန်းဖြေစခန်း၊ ရေကစားဥယျာဉ် ရေကူးကန်တွင် အမြင့်(၃၀)ပေခန့်ရှိ ရေလွှာလျှောစီးစဉ် ရေကန်အတွင်း ရေနစ်သေဆုံးခဲ့ကြောင်း သိရှိရသောကြောင့် ပြင်စာရဲကင်းစခန်း သေမှုသေခင်းအမှတ်စဉ်(၉/၂၀၁၈)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

A Lin Nge
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
(၆)မိုင်အပန်းဖြေစခန်း၊ ရေကစားဥယျာဉ် ရေကူးကန်အတွင်း ရေနစ်သေဆုံးမှု ဖြစ်ပွား (၆)မိုင်အပန်းဖြေစခန်း၊ ရေကစားဥယျာဉ် ရေကူးကန်အတွင်း ရေနစ်သေဆုံးမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 21:12 Rating: 5
Powered by Blogger.