သူပိုင်-ငါပိုင် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲက လုပ်ပြီးစ လူလုပ်ကျွန်းတွေအထက်ကို တရုတ်နိုင်ငံက လေကြောင်းပိုင်နက်အဖြစ် သတ်မှတ်တာဟာ မှားယွင်းတယ်လို့ ဖိလစ်ပိုင် သမ္မတ ဒူတာတေးက မနေ့ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ပဋိပက္ခဖြစ်မယ့် အလားအလာကို ရှောင်ရှားနိုင်အောင် ဒီနေရာတွေကနေ ထွက်ခွာသွားကြဖို့ တခြားနိုင်ငံတွေကို မပြောသင့်ဘူးလို့ ပြောပါတယ်။
အမေရိကန်သံအမတ်အပါအဝင် တခြားနိုင်ငံခြားသား ဧည့်သည်တော်တွေပါရှိတဲ့ ပရိသတ်ကို မိန့်ခွန်းပြောချိန်မှာ အဲဒီလိုပြောကြားတာပါ။ ဒါဟာ အနီးကပ်ဆက်ဆံရေးကို ကာကွယ်ဖို့ တရုတ်ကို ရန်ဘက်မပြုတတ်တဲ့ ဒူတာတေးက ရှားရှားပါးပါးဝေဖန်လိုက်တာလည်း ဖြစ်ပါတယ်။
လူလုပ်တာမို့ တရုတ်နိုင်ငံဟာ ကျွန်းတကျွန်းဖန်တီးလို့ မရပါဘူးလို့ ပြောတဲ့အပြင် ဒီ လူလုပ်ကျွန်းတွေအထက်က လေပိုင်နက်ကိုပိုင်တယ်လို့လည်း တရုတ်က ပြောနေတယ်လို့ ဒူတာတေးက ပြောပါတယ်။
ဖိလစ်ပိုင် သင်္ဘောတွေနဲ့ အငြင်းပွားနေတဲ့ ရေပြင်မှာရှိတဲ့လူလုပ်ကျွန်းတွေပေါ် ပျံသန်းတဲ့ လေယာဉ်တွေကို ကျွန်းတွေနားမလာဖို့ တရုတ်အသံလွှင့်စက်တွေက သတိပေးတာတွေ ပိုများလာတာကို စိုးရိမ်ပူပန်တဲ့အကြောင်း ဖိလစ်ပိုင်က ထုတ်ဖော်ပြောကြားတယ်လို့ အေပီ သတင်းက လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က ဖော်ပြခဲ့ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
တရုတ်လုပ်တဲ့ ကျွန်းကိစ္စ ဖိလစ်ပိုင် ဝေဖန်
Reviewed by THITHTOOLWIN
on
09:39
Rating:
