![]() |
-မြဝတီနယ်စပ်မြို့မှ ထိုင်းနိုင်ငံကို သွားရောက်ကြမယ့် မြန်မာလုပ်သားများ။/ Photo: AFP |
ဒီကိစ္စကို သူနဲ့ မြန်မာ အလုပ်အကိုင်ခန့်ထားရေးဌာန ညွှန်ကြားရေးမှူးချုပ်တို့ ပြီးခဲ့တဲ့ သီတင်းပတ်က တွေ့ဆုံစဉ် ပြောဖြစ်ခဲ့တာလို့ မစ္စတာအန်နုရတ်က ပြောပါတယ်။
မြန်မာအလုပ်သမားတွေ ထိုင်းကိုသွားရောက်တဲ့အခါ သူတို့မှာ ဘယ်လို အကာအကွယ်မှ မရှိတဲ့အချက်ကို မြန်မာအလုပ်အကိုင်ခန့်ထားရေးဌာန ညွှန်ကြားရေးမှူးချုပ်က စိုးရိမ်နေတယ်လို့ သူက ပြောပါသေးတယ်။
မစ္စတာအန်နုရတ်ရဲ့အဆိုအရ မြန်မာအလုပ်သမားတွေဟာ ထိုင်းကိုမထွက်ခွာခင် မြန်မာနိုင်ငံမှာ ကတည်းက သူတို့ရဲ့အာမခံတွေကို စီစဉ်ခဲ့ရဖွယ် ရှိတယ်လို့ဆိုပါတယ်။ အဲဒီ အာမခံ စီစဉ်ပေးရေး အကြံကို ထိုင်းအလုပ်သမားရေးရာဝန်ကြီးက ပေးခဲ့တာလို့လည်းဆိုပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
ထိုင်းသွားမယ့် မြန်မာလုပ်သားတွေအတွက် အာမခံ ရရှိရေး စဉ်းစား
Reviewed by THITHTOOLWIN
on
20:58
Rating:
