ဟာဝိုင်ယီကနေ တရုတ်ကို ပျံသန်းတဲ့လေကြောင်းလိုင်း ရပ်နားတော့မည်

AP Photo
ဟာဝိုင်ယီကျွန်းကနေ တရုတ်ပြည်ကို တိုက်ရိုက်ပျံသန်းနေတဲ့ လေကြောင်းလိုင်းကို လေးနှစ်ကြာ ပြေးဆွဲနေရာကနေ ရပ်ဆိုင်းတော့မယ်လို့ သိရပါတယ်။

ဟာဝိုင်ယီကျွန်း ဟိုနိုလူလူ လေဆိပ်ကနေ ဘေဂျင်းအထိ တိုက်ရိုက်ပျံသန်းနေတဲ့ အဲဒီလေကြောင်းလိုင်းကို လာမယ့် အောက်တိုဘာလမှာ ရပ်ဆိုင်းမှာဖြစ်ပါတယ်။

အဲဒီလေကြောင်းလိုင်းကို ၂၀၁၄ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး၊ တပတ်ကို သုံးရက် ပျံသန်းနေတာပါ။

တရုတ်ပြည် စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်လာတာနဲ့အညီ၊ ဟာဝိုင်ယီရဲ့ ခရီးသွားဧည့်လုပ်ငန်းမှာ တရုတ်ခရီးသည်တွေ တိုးတက်များပြားလာမယ်လို့ မျှော်မှန်းပြီး အဲဒီလေကြောင်းလိုင်းကို စတင်ခဲ့တာပါ။ ဒါပေမဲ့ မျှော်မှန်းသလောက် တရုတ်ခရီးသွားတွေ များပြားမလာခဲ့ဘူးလို့ ဆိုပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ဟာဝိုင်ယီကနေ တရုတ်ကို ပျံသန်းတဲ့လေကြောင်းလိုင်း ရပ်နားတော့မည် ဟာဝိုင်ယီကနေ တရုတ်ကို ပျံသန်းတဲ့လေကြောင်းလိုင်း ရပ်နားတော့မည် Reviewed by THITHTOOLWIN on 11:00 Rating: 5
Powered by Blogger.