အမေရိကန်နိုင်ငံအခြေစိုက် Revolution Medicines အမည် ရှိ ဆေးသုတေသနကုမ္ပဏီတစ်ခုက ထုတ်လုပ်ထားသော စမ်းသပ်ဆဲ ကင်ဆာဆေးတစ်မျိုးသည် တစ်ခါ တစ်ရံ ကုထုံးမတိုးတော့သည့် ကင် ဆာရောဂါထက်ဝက်ခန့်ကို ကုသ ပေးနိုင်ဖွယ်ရှိကြောင်းThe Daily Mail သတင်းစာက သြဂုတ် ၁၃ ရက်က ရေးသားတင်ပြထားသည်။
လက်ရှိအချိန်တွင် အဆိုပါ ကင်ဆာဆေးသစ်ကို ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသနပညာ ရှင်များက သုတေသနစမ်းသပ်ခန်းအတွင်း အဆုတ်ကင်ဆာ၊ အရေပြားကင်ဆာ၊ အူမကြီးကင်ဆာ၊ ပန်ကရိယကင်ဆာဆဲလ်များဖြင့် လက်တွေ့စမ်းသပ်လျက်ရှိသည်။
Revolution Medicines ဆေးသုတေသနကုမ္ပဏီကထုတ် လုပ်ထားသည့် အဆိုပါကင်ဆာ ဆေးသစ်သည် MAPK/ERK ဆဲလ်များ၏ ဆက်သွယ်ရေးလမ်း ကြောင်းကို ပြင်ဆင်၍ SHP2 အမည်ရှိ မော်လီကျုတစ်မျိုးကို ပိတ်ပင်ပြီး ကင်ဆာဆဲလ်ကြီးထွား မှုကို ထိန်းချုပ်သည့် ဆေးဝါးဖြစ် သည်။
၎င်းဆေးသစ်ကို ကယ်လီဖိုးနီး ယားတက္ကသိုလ် ဆေးပညာရှင်များ က အဆုတ်ကင်ဆာ၊ အရေပြားကင် ဆာ၊ အူမကြီးကင်ဆာ၊ ပန်ကရိယ ကင်ဆာဆဲလ်များဖြင့် လက်တွေ့ စမ်းသပ်ခဲ့ရာ ကင်ဆာဆဲလ်များ ကြီးထွားမှုအရှိန် နှေးကွေးသွား ကြောင်း ဖော်ထုတ်တွေ့ရှိထား သည်။
ထို့ပြင် တိရစ္ဆာန်များဖြင့် စမ်းသပ်ရာတွင်လည်း အဆိုပါ ဆေးသစ်သည် ကင်ဆာဆဲလ်များ ကြီးထွားမှုဖြစ်စဉ်ကို တားဆီးထား နိုင်ခဲ့ရာ လူသားလူနာများတွင် လက်တွေ့စမ်းသပ်ရေးအတွက် သုတေသနပညာရှင်များကစဉ်းစား လျက်ရှိကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
စမ်းသပ်ဆဲ ကင်ဆာဆေးတစ်မျိုးက ကုထုံးမတိုးသည့် ကင်ဆာကို ကုသနိုင်
Reviewed by THITHTOOLWIN
on
20:00
Rating:
