ကျိုက်ထိုမြို့နယ် ကော့ဘိန်းကျေးရွာတွင် လူသတ်မှုဖြစ်ပွား


မော်လမြိုင် သြဂုတ် ၁၁

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ဘိန်းကျေးရွာ၊ ရွာလယ်ပိုင်း နေ မခင်သီတာမိုး (၃၇နှစ်)သည် ယမန်နေ့ည ၁၂ နာရီခွဲက ၄င်း၏ အစ်ကိုဖြစ်သူ ရဲသီဟ (၄ဝနှစ်)ကို သတ်၍ ထွက်ပြေးတိမ်းရှောင်နေ သူ တစ်ရွာတည်းနေ ဦးစိုးလွင် (၄၈နှစ်)အပေါ် ဥပဒေနှင့်အညီ အရေးယူပေးပါရန် ကျိုက်ထိုမြို့မ ရဲစခန်းသို့ လာရောက် တိုင်တန်း ခဲ့သဖြင့် ရဲစခန်းမှ (ပ)၅၅၅/၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၂/ ၂ဝ၁ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရဲသီဟ၏ကွန် (ငါး ဖမ်းကိရိယာ) ရောင်းချရန်အတွက် ရွာထဲသို့ ထွက်သွားရာမှ ပြန်လည် ရောက်ရှိလာခြင်း မရှိသဖြင့် စုံစမ်း ခဲ့ရာ ဦးစိုးလွင်၏ နေအိမ်၌ တစ်ရွာ တည်းနေ ဦးကျော်ဝင်းဆိုသူအား ကွန်ကို ငွေကျပ်၂ဝဝဝဝဖြင့် ရောင်း ချခဲ့ကြောင်း သိရှိရသဖြင့် သွား ရောက်မေးမြန်းခဲ့ရာ နေအိမ်တွင် ဦးစိုးလွင်အား မတွေ့ရှိဘဲ ယင်း အိမ်ရှေ့နေသူ မမိုးစံနှင့် မဝင်းအိစိုး တို့နှစ်ဦးက ရဲသီဟအား ဦးစိုး လွင်၏နေအိမ်အောက်တွင် ပက် လက်အနေအထားဖြင့် တွေ့ရှိခဲ့ ကြောင်းပြောပြသိရှိရသဖြင့်ကျိုက်ထို မြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ ကြောင်း၊ ယင်းနောက် ကျိုက်ထို မြို့မရဲစခန်းမှူးရဲမှူး မြင့်ဌေးနှင့် ရဲတပ်ဖွဲ့ဝင်များက ဦးစိုးလွင်၏ နေအိမ်ဝန်းကျင်အား ရှာဖွေခဲ့ရာ အနောက်ဘက် အိမ်သာပျက် အတွင်း မြှုပ်နှံထားသည့် ရဲသီဟ ၏ အလောင်းအား တွေ့ရှိခဲ့သဖြင့် အမှုဖွင့်တိုင်တန်းရခြင်းဖြစ်ကြောင်း သိရသည်။

နိုင်နိုင်မွန်
The Union Daily
https://www.facebook.com/uniondaily.net
ကျိုက်ထိုမြို့နယ် ကော့ဘိန်းကျေးရွာတွင် လူသတ်မှုဖြစ်ပွား ကျိုက်ထိုမြို့နယ် ကော့ဘိန်းကျေးရွာတွင် လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:03 Rating: 5
Powered by Blogger.