လားရှိုးမြို့နယ် မိုင်းယော်တွင်တိုက်ပွဲကြောင့် ရွာသား ၁၀၀ ခန့် စစ်ဘေးတိမ်းရှောင်

Photo Credit to Saikaung
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်တွင် အစိုးရတပ်နှင့်တအာင်းတပ်ဖွဲ့တို့ကြားတိုက်ပွဲ များငြိမ်သွားပြီ ဟုဆိုသော်လည်း ဒေသခံများစိုးရိမ်မှုရှိနေသေးသဖြင့် ရွာသား ၁၀၀ ၀န်းကျင်မှာ လားရှိုးသို့ တိမ်းရှောင်နေကြောင်းသိရသည်။

ယမန်နေ့က တိုက်ပွဲဖြစ်ပွါးခဲ့သည့် လွယ်ပန်ထီးနှင့် ၀မ့်ပန်ခုတ်ရွာတိုက်ပွဲကြောင့် သြဂုတ်လ ၂၂ ရက်မနက်ပိုင်းက ဒေသခံ တအာင်းလူထု ၁၀၀ ၀န်းကျင်ခန့် မိုင်းယော်သို့ရောက်ရှိကာ ကား ၂ စီးဖြင့် လားရှိုးသို့ဆင်းသွားကြောင်း မိုင်းယော်ဒေသခံ ကျေးရွာအကြီးအကဲ တဦးကပြောသည်။

“တိုက်ပွဲသံတော့ ငြိမ်နေတယ်။ ဒါမယ့် ဒီမနက်စောစော ရွာသား ၁၀၀ လောက် မိုင်းယော်ကနေကား ၂ စီးအပြည့်နဲ့ လားရှိုး ကိုသွားတာ။ တမြန်နေ့တုန်းကတော့ ဒေသခံတရုတ်ရွာသူရွာသားတွေလေ မိုင်းယော်ကိုရောက်လာတာ။ သူတို့တော့ နီးစပ်ရာဆွေမျိုးတွေ အိမ်မှာနေနေတာ။ ရွာဘက်ကအခြေအနေက တင်းမာနေတုန်းမို့ အခြေအနေစိတ်မချသေးလို့နေမယ် “– ဟု ပြောသည်။

လားရှိုးမြို့အရှေ့ဘက်အရပ် မိုင် ၃၀ ကျော်အကွာရှိ မိုင်းယော်တိုက်နယ်တွင် သြဂုတ်လ ၂၁ ရက်နေ့ မနက်ပိုင်းက တအာင်းတပ်နှင့်အစိုးရတပ် (တပ်မ ၉၉ လက်အောက်ခံတပ်ရင်းများ) ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးခဲ့ရာ မိုင်းယော်မှ ၈ မိုင်ခန့်အကွာ တိုက်ပွဲဖြစ်ပွါးသည့်ရွာမှ ဒေသခံလူထု လယ်ယာမဝင်ရဲသေးဘဲ စစ်ဘေးရှောင်နေရကြောင်းသိရသည်။

“မနေ့ကတိုက်ပွဲက အစိုးရတပ်ဘက်က ထိခိုက်ဒဏ်ရာရ အရာရှိတယောက်နဲ့ တပ်သားတယောက် လားရှိုးဆေးရုံကိုပို့ကြတာ တွေ့လိုက်တယ် “– ဟု လည်းမိုင်းယော်မှဒေသခံ စိုင်းလူ ကလည်းပြောသည်။

ယခင်အပတ်ကလည်း မိုင်းယော်အရှေ့ဘက် ပန်ခါးရွာဘက်တွင်လည်းအစိုးရတပ်နှင့် တအာင်းတပ်တို့တိုက်ပွဲဖြစ်ပွါးခဲ့သေးသည်။

BBC Burmese
http://burmese.shannews.org
လားရှိုးမြို့နယ် မိုင်းယော်တွင်တိုက်ပွဲကြောင့် ရွာသား ၁၀၀ ခန့် စစ်ဘေးတိမ်းရှောင် လားရှိုးမြို့နယ် မိုင်းယော်တွင်တိုက်ပွဲကြောင့် ရွာသား ၁၀၀ ခန့် စစ်ဘေးတိမ်းရှောင် Reviewed by THITHTOOLWIN on 21:39 Rating: 5
Powered by Blogger.