လက်နက်ဝယ်ယူရေးဆွေးနွေးဖို့ ကန်အစိုးရအဖွဲ့ဝင်သုံးဦးက ကမ်းလှမ်းကြောင်း ဒူတာတေးပြော

AFP Photo
ဖိလစ်ပိုင်နိုင်ငံရဲ့ ကာကွယ်ရေးအတွက် လက်နက်ပစ္စည်းတွေ ဝယ်ယူရေး အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ဝင်သုံးဦးက ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ကြတယ်လို့ သမ္မတ ဒူတာတေး က ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို၊ ကုန်သွယ်ရေးဝန်ကြီး ဝီလ်ဘာရော့စ်၊ ကာကွယ်ရေးဝန်ကြီး ဂျိမ်း မက်တစ်စ် တို့ လက်မှတ်ရေးထိုးထားတဲ့ စာတစောင်လက်ခံရရှိထားပြီး၊ အဲဒီစာထဲမှာ ဖိလစ်ပိုင်စစ်တပ် ခေတ်မီ တပ်မတော် ဖြစ်လာရေးအတွက် အမေရိကန်အစိုးရက အစွမ်းကုန်ထောက်ခံနေတယ်ဆိုတာ ထပ်မံ အတည်ပြုကြောင်း ရေးသားထားတယ်လို့ ဒူတာတေး က ပြောပါတယ်။

အမေရိကန်ပင်တဂွန် စစ်ဌာနချုပ်က အရာရှိတဦး ပြီးခဲ့တဲ့သီတင်းပတ်က ဖိလစ်ပိုင်ကိုရောက်ရှိလာပြီး၊ ရုရှားလုပ် လက်နက်တွေ မဝယ်ယူမသုံးစွဲဖို့ အကြံပြုခဲ့အပြီး၊ ဒူတာတေး က အခုလို ထုတ်ဖေါ်ပြောဆိုခဲ့တာပါ။

ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဟာ ရုရှားကာကွယ်ရေးဝန်ကြီးနဲ့ ဒီသီတင်းပတ်အတွင်း တွေ့ဆုံဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

သမ္မတ ဒူတာတေးကတော့ အမေရိကန် အရာရှိသုံးဦးနဲ့ တွေ့ဆုံလိုပေမဲ့၊ အမေရိကန်ကိုတော့ သွားရောက် ဆွေးနွေးမှာမဟုတ်ဘူးလို့ဆိုပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
လက်နက်ဝယ်ယူရေးဆွေးနွေးဖို့ ကန်အစိုးရအဖွဲ့ဝင်သုံးဦးက ကမ်းလှမ်းကြောင်း ဒူတာတေးပြော လက်နက်ဝယ်ယူရေးဆွေးနွေးဖို့ ကန်အစိုးရအဖွဲ့ဝင်သုံးဦးက ကမ်းလှမ်းကြောင်း ဒူတာတေးပြော Reviewed by THITHTOOLWIN on 10:52 Rating: 5
Powered by Blogger.