အမာမြို့နယ်အတွင်း ထူးကဲဒီရေပိုမိုမြင့်တက်လာ၍ လူနေအိမ်(၈၃)လုံး ပြိုကျပျက်စီးခဲ့ပြီး (၃၁)လုံး ယိုင်နဲ့
အမာ သြဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းစပ်တွင် ရွာတည်၍ နေထိုင်အလုပ်လုပ်ကိုင်နေသော နေအိမ်များသည် သြဂုတ် ၁၃ ရက်နေ့ ညနေပိုင်း ပင်လယ်ဒီရေမြင့် တက်လာပြီး မုတ်သုန်လေ အားကောင်းစွာ တိုက်ခတ်မှုကြောင့် ကမ်းပါးပြိုကျရာမှ ရေလှိုင်းဂယက်ကြောင့် နေအိမ်များပြိုကျပျက်စီးခြင်းနှင့် ယိုင်နဲ့ခြင်းများ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒေါ်ညိမ်းကျေးရွာအုပ်စု သရက်ပင်ဆိပ် ကျေးရွာတွင် (၄)လုံး၊ ဘုရားလေးစု ကျေးရွာတွင်(၁)လုံး၊ အေးကုန်းကျေးရွာတွင်(၃)လုံး၊ ခါးပြတ်ကျေးရွာတွင်(၇)လုံး၊ အောင်လှိုင်ကျေးရွာတွင်(၉)လုံး၊ ဗန္ဒာပင်ကျေးရွာတွင်(၁၂)လုံး၊ နောက်မီးကျေးရွာအုပ်စု မင်္ဂလာသောင်တန်း ကျေးရွာတွင် (၃၇)လုံး၊ တောကျိုးကျေးရွာတွင်(၆)လုံး၊ ပြိုကျပျက်စီးပြီး (၃၁)လုံး အခင်းအကာပျက်စီးယိုင်နဲ့ခဲ့ကြောင်း၊ ထို့အပြင် ဘဝသစ်ကျေးရွာအုပ်စု ဂေါ်ဒူကျေးရွာတွင် (၂)လုံး၊ ခတ္တာကျွန်းကျေးရွာတွင် (၂)လုံး၊ ပြိုကျပျက်စီးခဲ့သဖြင့် စုစုပေါင်း(၈၃)လုံး၊ ပြိုကျပျက်စီးကာ (၃၁)လုံးယိုင်နဲ့သွားကြောင်း သိရသည်။
နေအိမ်ပြိုကျယိုင်နဲ့သွားသော မိသားစုများသည် နီးစပ်ရာ ဆွေမျိုးများအိမ်တွင် ယာယီနေထိုင်လျက်ရှိကြောင်း၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်မှု မရှိခဲ့ကြောင်း၊ အမာမြို့အုပ်ချုပ်ရေးမှူး ဦးရွှေစိုးဟန်ထံမှ သိရသည်။
ထူးကဲဒီရေသည် မနက်ဖြန်တွင် ဆက်လက်တက်နိုင်၍ ကမ်းစပ်ရှိနေအိမ်များ ဘေးလွှတ်ရာ ရွှေ့ပြောင်း နေထိုင်ကြရန် အသိပေး နှိုးဆော်ထားကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
အမာမြို့နယ်အတွင်း ထူးကဲဒီရေပိုမိုမြင့်တက်လာ၍ လူနေအိမ်(၈၃)လုံး ပြိုကျပျက်စီးခဲ့ပြီး (၃၁)လုံး ယိုင်နဲ့
Reviewed by THITHTOOLWIN
on
20:38
Rating:
