ကျိုက္ကဆံအားကစားကွင်းမှာ ဂျပန်နဲ့ စီမံကိန်း ၃ ခု လုပ်မယ်

ကျိုက္ကဆံကွင်းမှာ ကျန်းမာရေးအတွက် အားကစား လေ့ကျင့်နေသူတွေ ရှိနေ
ရန်ကုန်တိုင်း တာမွေမြို့နယ်ထဲမှာရှိတဲ့ ကျိုက္ကဆံ အားကစားကွင်း နေရာကို မြန်မာ ဂျပန်နှစ်နိုင်ငံ ပူးပေါင်းပြီး စီမံကိန်း ၃ ခုလုပ်ဖို့ရှိပါတယ်။

စုစုပေါင်း ဧက ၁ဝဝ ကျော်ရှိတဲ့ အဲဒီ ကျိုက္ကဆံကွင်း နေရာမှာလုပ်မယ့် စီမံကိန်းတွေက ဗိုလ်ချုပ်အောင်ဆန်း အမျိုးသားစိမ်းလန်းဥယျာဉ် စီမံကိန်း၊ အဆင့်မြင့် အားကစားကွင်း တည်ဆောက်ရေး စီမံကိန်း၊ ကွန်ဒိုတိုက်ခန်းနဲ့ တန်ဖိုးနည်း အိမ်ရာတွေ ဆောက်လုပ်ရေး စီမံကိန်းတို့ ဖြစ်ပါတယ်။

အဲဒီ စီမံကိန်းအကောင်အထည်ဖော်ဖို့ အစိုးရတာဝန် ရှိသူတွေနဲ့ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေက အဲဒီကွင်းထဲမှာ နေထိုင်နေကြတဲ့ ဒေသခံတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ နိုင်ငံတော်စီးပွား ရေးရာ ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီ NECC ကအဖွဲ့ဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဒေသခံတွေရဲ့ သဘောထားကို သွားရောက်မေးမြန်း ခဲ့တာဖြစ်ပါတယ်။

ဒီစီမံကိန်းကို နှစ်နိုင်ငံ ပူးပေါင်း လုပ်ဆောင်ဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဂျပန် ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံအစိုးရချင်း ပူးပေါင်းဆောင်ရွက်ဖို့ ဂျပန်အစိုးရ တာဝန်ရှိသူတွေနဲ့ သဘောတူ ခဲ့တာဖြစ်ပါတယ်။

စီမံကိန်းအကောင်အထည်ဖော်နေတဲ့ ကာလအတွင်း အဲဒီမှာနေထိုင်တဲ့သူတွေကို သင့်လျော်တဲ့ နေရာကို ရွှေ့ပြောင်းပေးမှာဖြစ်ပြီး စီမံကိန်းပြီးတဲ့အခါ မူလနေရာမှာ ပြန်လည်နေရာချထား ပေးမယ်လို့ တာမွေမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါတယ်။

သူတို့ဆွေးနွေးခဲ့သူတွေထဲမှာ အများအားဖြင့် သဘောတူညီကြပေမယ့် နှစ်ယောက်လောက်ကတော့ သဘောဘူးလို့ သူကဆိုပါတယ်။

လောလောဆယ်မှာ ကျိုက္ကဆံ အားကစားကွင်းထဲမှာ ဝန်ထမ်းတွေ နေထိုင်ကြပါတယ်။

ဒါ့အပြင် အားကာသိပ္ပံက လက်ရွေးစင် အားကစားသမားတွေ လေ့ကျင့်တဲ့ အဆောင်တွေ၊ အများပြည်သူ ကျန်းမာရေး လေ့ကျင့်ခန်း လုပ်တဲ့နေရာတွေလည်း ရှိပါတယ်။

NLD အစိုးရတက်လာပြီးနောက် ၂ဝ၁၆ ခုနှစ် ကတည်းက ဒီစီမံကိန်းကို စတင်လုပ်ဆောင်ဖို့ ညှိနှိုင်းခဲ့ပေမယ့် အဆင်မပြေလို့ ကြန့်ကြာနေခဲ့ပြီး အခုမှ ပြန်လည် စတင်ဖို့ဆောင်ရွက်တာ ဖြစ်ပါတယ်။

ကျိုက္ကဆံ အားကစားကွင်းက မြေတွေကို တပ်မတော်၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာန တို့က ပိုင်ဆိုင် ထားတာဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ