ခိုးသွင်းတဲ့ ဇိမ်ခံကားတွေ ဒူတာတေး ဖျက်ဆီးပြသ

Photo: AFP
ဖိလစ်ပိုင် သမ္မတ ဒူတာတေးက အကျင့်ပျက်ခြစားပြီး တရားမဝင်တင်သွင်းခဲ့လို့ ဖမ်းဆီးထားတဲ့ ကန် ဒေါ်လာ ၅ သန်းခွဲ တန်ဖိုးရှိ ဇိမ်ခံကား ၇၆ စီးနဲ့ မော်တော်ဆိုင်ကယ်တွေကို တနင်္လာနေ့က ဖျက်ဆီးပြလိုက်ပါတယ်။

အဲဒီကားတွေထဲမှာ ကမ္ဘာကျော် Lamborghini လန်ဘော်ဂိနီ Mercedes- Benz မာစီးဒီး ဘင့်ဇ် နဲ့ Porsche ပေါ့ရှယ် ကားတွေပါဝင်ပြီး မြေထိုးစက်နဲ့ကြိတ်ပြီး ဖျက်ဆီးလိုက်တာပါ။

စုစုပေါင်း ဖမ်းဆီးထားတဲ့ ဇိမ်ခံကား ၈ဝဝ ရှိပြီး ၃၃ စီးကို ဖေဖော်ဝါရီလက ဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။ ဒီကားတွေကို လေလံတင်ရောင်းချရင်လည်း လူဆိုးဂိုဏ်းတွေက နာမည်တုတွေနဲ့ ဝယ်ယူဦးမှာဖြစ်လို့ ခုလိုဖျက်ဆီးတာဖြစ်တယ်လို့ ဒူတာတေးက အကြောင်းပြပါတယ်။ ဖိလစ်ပိုင်မှာ ၂ဝ၁၆ အာဏာရလာစဉ်ကစပြီး အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို ပြင်းပြင်းထန်ထန် ဦးစားပေးဆောင်ရွက်ခဲ့တဲ့ သမ္မတ ဒူတာတေးက မူးယစ်ဆေးဝါးသမားတွေကို ရက်ရက်စက်စက် ချေမှုန်းခဲ့သလို အစိုးရ အရာရှိ အမြောက်အများကိုလည်း ရာထူးက ထုတ်ပယ်အပြစ်ပေးခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ခိုးသွင်းတဲ့ ဇိမ်ခံကားတွေ ဒူတာတေး ဖျက်ဆီးပြသ ခိုးသွင်းတဲ့ ဇိမ်ခံကားတွေ ဒူတာတေး ဖျက်ဆီးပြသ Reviewed by THITHTOOLWIN on 08:59 Rating: 5
Powered by Blogger.