မလေးမူးယစ်ရာဇာကို ထိုင်းတရားရုံးက သေဒဏ်ပေး

 မလေးမူးယစ်ရာဇာTun Hung Seong. Photo: AFP
Iceman လို့ခေါ်ကြတဲ့ မလေးရှားနိုင်ငံသား မူးယစ်ဆေးမှောင်ခိုသမားတဦးကို ထိုင်းနိုငိငံမှာ သြဂုတ်လ ၁၆ ရက်နေ့က သေဒဏ်ချမှတ် လိုက်ပါတယ်။

သူ့ကို ပြီးခဲ့တဲ့နှစ်က ice ခေါ် မက်သာဖက်တမင်း မူးယစ်ဆေး ၃ဝဝ ကီလိုဂရမ်နီးပါး သယ်ဆောင်ပေးဖို့ လူတယောက်ကို ငှားရမ်းခဲ့ပြီးတဲ့နောက် ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

တန်ဟန်ဆောင်း အမည်ရှိ အဲဒီ မူးယစ်မှောင်ခိုရာဇာကို မလေးရှား မူးယစ်ဆေး ဈေးကွက်ရဲ့ ဂိတ်စောင့်အဖြစ် သဘောထားကြပြီး၊ သူဟာ ရရှိတဲ့ ငွေတွေကို ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ ကာရာအိုကေ ခန်းမတွေ အဖြစ် ငွေမည်းခဝါချခဲ့တယ်လို့ AFP သတင်းကဖော်ပြပါတယ်။

အသက် ၆၅ နှစ်အရွယ် တန်ဟန်ဆောင်း ကို ထိုင်းအမျိုးသမီး နှစ်ဦး၊ ထိုင်ဝမ် အမျိုးသားတဦးတို့နဲ့အတူ ဘန်ကောက် တရားရုံးက သေဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲက ထိုင်းအမျိုးသမီးတဦးနဲ့ ထိုင်ဝမ် အမျိုးသားတို့ကို ထောင်ဒဏ် တသက်တကျွန်းအဖြစ် ပြောင်းလဲ ချမှတ်ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မလေးမူးယစ်ရာဇာကို ထိုင်းတရားရုံးက သေဒဏ်ပေး မလေးမူးယစ်ရာဇာကို ထိုင်းတရားရုံးက သေဒဏ်ပေး Reviewed by THITHTOOLWIN on 22:08 Rating: 5
Powered by Blogger.