ဘရာဇီးနိုင်ငံတွင် လူသတ်မှု၊ အကြမ်းဖက်မှုများ တိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်ရေးအတွင်း လူ ၃,၀၀၀ နီးပါး ဖမ်းဆီးခံရ

ဘရာဇီးနိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
ရီယိုဒီဂျနေးရိုး၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

    ဘရာဇီးနိုင်ငံ ပြည်နယ်များစွာ၌ လူသတ်မှုနှင့် လူမှုရေးအကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ရာ အရွယ်ရောက်ပြီးသူ ၂,၆၀၀ ကျော်နှင့် အရွယ်မရောက်သေးသူ ၃၄၀ ဦးခန့်တို့အား ထိန်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့က သြဂုတ်လ ၂၅ ရက်တွင် ပြောကြားလိုက်သည်။

နှစ်ရက်တာကြာမြင့်ပြီး “Cronos” ဟုအမည်ပေးထားသော အဆိုပါ စစ်ဆင်ရေးတွင် လူသတ်မှုနှင့် အမျိုးသမီးများအားသတ်မှုကြောင့် လူ ၄၅၀ ဦး၊ ပြစ်မှုအမျိုးမျိုးကျူးလွန်သူ ၁၂၅၂ ဦး၊ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်သူ သို့မဟုတ် ခြောက်လုံးပြူးသေနတ်များ တရားမဝင် ပိုင်ဆိုင်သူ ၆၄၀ ဦးအား ထိန်းသိမ်းနိုင်ခဲ့သည်။

နိုင်ငံပိုင် မီဒီဖြစ်သော Agencia Brasil ၏ သတင်းဖော်ပြချက်အရ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရဲအရာရှိ ၇၈၀၀ ဦးသည် ထို စစ်ဆင်ရေးတွင် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဆေးခြောက်နှင့် ကိုကင်းအပါအဝင် မူးယစ်ဆေး ၃၈၃ ဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။“အရေးကြီးဆုံးကတော့ လူတွေရဲ့ အသက်ကို အကာအကွယ်ပေးဖို့နဲ့ အာမခံပေးဖို့ပါပဲ။ အထူးသဖြင့်တော့ အမျိုးသမီးတွေအတွက်ပေါ့။ သူရဲဘောကြောင်တဲ့ ပြစ်မှုတွေကိုတော့ လက်ခံနိုင်စရာမရှိပါဘူး” ဟု ပြည်သူ့လုံခြုံရေး ဝန်ကြီး Raul Jungmann က ပြောခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ဘရာဇီးနိုင်ငံတွင် လူသတ်မှု၊ အကြမ်းဖက်မှုများ တိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်ရေးအတွင်း လူ ၃,၀၀၀ နီးပါး ဖမ်းဆီးခံရ ဘရာဇီးနိုင်ငံတွင် လူသတ်မှု၊ အကြမ်းဖက်မှုများ တိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်ရေးအတွင်း လူ ၃,၀၀၀ နီးပါး ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 22:54 Rating: 5
Powered by Blogger.