မိုးကောင်း၌ လျှပ်စစ်မိန်းဘုတ်ခုံ အပူလွန်ကဲကာ နေအိမ်မီးလောင်ကျွမ်း


မိုးကောင်း ၉ ဩဂုတ်

ကချင်ပြည်နယ် မိုးကောင်းမြို့ ကျွန်းတောရပ်ကွက်၌ ယနေ့မွန်းလွဲ ၂ နာရီခွဲက လျှပ်စစ်မိန်းဘုတ်ခုံ အပူလွန်ကဲကာ ဝိုင်ယာရှော့ခ်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျွန်းတောရပ်ကွက်၊ အုပ်စု ၉ နေ ဦးမရူလ (၅၁)နှစ်၏ နေအိမ်၌ တပ်ဆင်ထားသည့် လျှပ်စစ်မိန်းဘုတ်ခုံ အပူလွန်ကဲ၍ ဝိုင်ယာရှော့ခ်ဖြစ်ရာမှ နေအိမ်မီးလောင်ကျွမ်းကာ အလျား ၂၄ ပေ၊ အနံ ၁၆ ပေ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

မီးလောင်ကျွမ်းရာနေရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဒုတိယမီးသတ်ဦးစီးမှူး ဦးချမ်းငြိမ်းသူ ဦးစီးမီးသတ် သန္ဓေတပ်ဖွဲ့ဝင် ၁၃ ဦး၊ အရံတပ်ဖွဲ့ဝင် ၃၀ ဦး၊ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၂ စီးနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ညနေ ၃ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်အောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ တပ်မတော်သားများမှ လိုအပ်သည်များ ဝိုင်ဝန်းကူညီခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လျှပ်စစ်မီး ပေါ့ဆစွာသုံးစွဲသူ ဦးမရူလအား မိုးကောင်းမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
မိုးကောင်း၌ လျှပ်စစ်မိန်းဘုတ်ခုံ အပူလွန်ကဲကာ နေအိမ်မီးလောင်ကျွမ်း မိုးကောင်း၌ လျှပ်စစ်မိန်းဘုတ်ခုံ အပူလွန်ကဲကာ နေအိမ်မီးလောင်ကျွမ်း Reviewed by THITHTOOLWIN on 19:01 Rating: 5
Powered by Blogger.