ညဥ့်အချိန်နွားရှာသူဘင်္ဂလီ၈ဦး ပုဒ်မ၁၄၄ နှင့်ငြိ၍ ဘူးသီးတောင်တွင်ဖမ်းဆီးခံရ


နိရဉ္စရာ၊ သြဂုတ် ၉

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ဘင်္ဂလီ လူမျိုး ၈ ဦးအား ညဥ့် ၁၁ နာရီ ကျော် အချိန်တွင် နွားပျောက်ရှာသဖြင့် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ငြိ၍ ဖမ်းဆီး အရေးယူ ထားသည်ဟု ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

“ ဖြစ်တာက သြဂုတ် ၈ ရက်နေ့ ညဥ့် ၁၁ နာရီ အချိန်မှာ အပြင်ကို ထွက်ပြီး နွားပျောက်ရှာတဲ့ အတွက် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ နဲ့ ငြိတာကြောင့် ဖမ်းဆီးအရေးယူထားတယ်။ တရားစွဲဆိုသွားဖို့လည်း စီစဉ်နေပါတယ်” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ဖမ်းဆီးခံရသူများမှာ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း တောင်ဘဇားနယ်မြေအပိုင် ကျောင်းတောင်ဘင်္ဂလီကျေးရွာမှ ဖြစ်ကြောင်း၊ ၎င်းရွာသည် အိမ်ခြေ ၅၀၀ နီးပါးခန့်ရှိကြောင်း သိရသည်။

“ သူတို့က နွားပျောက်ရှာတယ်လို့ သိရတယ်။ အဲဒီ စခန်းအနီးအနားက လူတွေပါဘဲ။ သူတို့က ညဥ့်အချိန် သွားလာတဲ့ အတွက် ကျောင်းတောင်ရဲစခန်းက ဖမ်းဆီးလိုက်တာပါ။ အပြင်ကဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့နေသလို အာဆာ အကြမ်းဖက်သမားတွေ မဟုတ်ပါဘူး” ဟု ပြောဆိုသည်။

အဆိုပါ ဖမ်းဆီးမှုသတင်းကို လူမှုကွန်ယက်စာမျက်နာများတွင် အာဆာဝင်ရောက်တိုက်ခိုက်၍ ဖမ်းဆီးမိသည်ဟု သတင်းမှား ဖော်ပြခဲ့သဖြင့် ပြည်သူလူထု အကြား အထိတ်တလန့် ဖြစ်ပေါ်စေခဲ့ကြောင်း၊ သို့အတွက် သတင်းမှား တင်သူများကို လိုအပ်ပါက လိုအပ်သလို ဖော်ထုတ် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ဖမ်းဆီးခံရသည်မှာ စုစုပေါင်း ၁၂ ဦးဖြစ်ပြီး ထိုအထဲတွင် ကလေး ၄ ဦးအား ပြန်လွတ်ပေးလိုက်ပြီး လူကြီး၈ ဦကိုမူ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ဖြင့် တရားစွဲတင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

Narinjara
https://www.facebook.com/Narinjara
ညဥ့်အချိန်နွားရှာသူဘင်္ဂလီ၈ဦး ပုဒ်မ၁၄၄ နှင့်ငြိ၍ ဘူးသီးတောင်တွင်ဖမ်းဆီးခံရ ညဥ့်အချိန်နွားရှာသူဘင်္ဂလီ၈ဦး ပုဒ်မ၁၄၄ နှင့်ငြိ၍ ဘူးသီးတောင်တွင်ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 09:10 Rating: 5
Powered by Blogger.