ဘုရားသုံးဆူမြို့တွင် စိတ်ကြွမူးယစ်ဆေးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ


ဘုရားသုံးဆူ ၂၂ သြဂုတ်

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ဘုရားသုံးဆူမြို့ အမှတ်(၂)ရပ်ကွက် ဥဒေါင်းကန်(၉)လမ်းရှိ ကျော်လင်းထွန်း (ခ) အငယ်ကောင်၏ နေအိမ်တွင် မူးယစ်ဆေးဝါးရောင်းချနေကြောင်း သတင်းရရှိသဖြင့် သြဂုတ် ၂၁ မွန်းလွဲ ၃ နာရီခွဲတွင် နယ်မြေခံတပ်ရင်းမှ ဗိုလ်ကြီးကျော်မင်းဖြိုး ဦးစီးတပ်ဖွဲ့ဝင်များ၊ ဘုရားသုံးဆူနယ်မြေ ရဲစခန်း ရဲအုပ်အောင်မြတ်မိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ သက်သေများနှင့်အတူ သွားရောက်ရှာဖွေရာ ကျော်လင်းထွန်း (ခ) အငယ်ကောင်၏ နေအိမ်တွင် အိမ်အနောက်ဘက် မီးဖိုခန်းအတွင်း စွန့်ပစ်ထားသော အမှိုက်များအောက်တွင် ပလတ်စတစ်အိတ်အကြည်ဖြင့် ထုပ်ပိုးထားသော မူးယစ်ဆေးဝါး (ICE)ဟု ယူဆရသည့် အဖြူရောင်အစိုင်အခဲ အကြေမှုန့်(၃)ထုပ်၊ အလေးချိန်(၂၄၈ ဒသမ ၃၉)ဂရမ်၊ နေအိမ်ခန်းအဝတ်တန်းတွင် ချိတ်ဆွဲထားသော ပြောက်ကြား အိင်္ကျီအနွေးထည်အတွင်းမှ ပလတ်စတစ်အကြည်ဖြင့် ထုပ်ပိုးထားသော မူးယစ်ဆေးဝါး(ICE)ဟု ယူဆရသည့် အဖြူရောင်အစိုင်အခဲ အကြေမှုန့်(၁)ထုပ်၊ အလေးချိန်(၇၉ ဒသမ ၁၃)ဂရမ်၊ စုစုပေါင်းအလေးချိန် (၃၂၇ ဒသမ ၅၂)ဂရမ်၊ ကာလတန်ဖိုး ကျပ်သိန်းပေါင်း (၂၆၂)သိန်းကျော် သိမ်းဆည်းရမိခဲ့သည်။


ဆက်လက်ပြီး ကျော်လင်းထွန်း (ခ) အငယ်ကောင်နှင့် ၎င်း၏ဇနီး မစန္ဒီထွန်းတို့အား စစ်ဆေးမေးမြန်းရာ ၎င်းမူးယစ်ဆေးများကို ဝင်အေး (ခ) အာဒစ်ဆိုသူမှ ပို့ဆောင်သဖြင့် တစ်ဆင့်ပြန်လည် ရောင်းချခဲ့ကြောင်း၊ မူးယစ်ဆေးများအား လွန်ခဲ့သော တစ်လခန့်တွင် ဝင်းအေး (ခ) အာဒစ်မှ လာရောက်ပို့ပေးကြောင်း စစ်ဆေးသိရှိရသဖြင့် ဗိုလ်ကြီးကျော်မင်းဖြိုးနှင့် တပ်ဖွဲ့ဝင်များ၊ တပ်ကြပ်ကြီး ခင်မောင်ဆွေ၊ သက်သေများနှင့်အတူ လိုက်လံစုံစမ်းရှာဖွေရာ ည ၁၁ နာရီတွင် (အထက)ကျောင်း သီရိရတနာလမ်းမပေါ်၌ အဖြူရောင်(ISUZU) အမျိုးအစား မော်တော်ယာဉ်ပေါ်တွင် ဝင်းအေး (ခ) အာဒစ်အား တွေ့ရှိခဲ့ကြောင်း၊ ၎င်းနှင့်တူ ယာဉ်ပေါ်၌ ယာဉ်မောင်းစောထူးကိုနှင့် အချွန်းလ်(ထိုင်းနိုင်ငံသား)တို့ (၂)ဦးအား တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ အဆိုပါကားအတွင်းမှ ဆီစိမ်စက္ကူဖြင့်ပတ်ထားသည့် အပြာရောင်ကပ်ခွာ ပလတ်စတစ်အိတ်အတွင်းမှ မူးယစ်ဆေးဟု ယူဆရသော WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၁၇၉)ပြား၊ R စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၉)ပြားနှင့် R စာတမ်းပါ အစိမ်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၂)ပြား၊ စုစုပေါင်း (၂၀၀)ပြားပါ (၂၆)ထုပ် စုစုပေါင်းဆေးပြား (၅၂၀၀)ပြား၊ အလေးချိန်(၄၆၈)ဂရမ်၊ (WY)စာတမ်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၅၀)ပြား၊ ဝင်းအေး (ခ) အာဒစ်၏ ကျောပိုးအိတ်အတွင်းမှ မူးယစ်ဆေး(ICE)ဟု ယူဆရသည့် အဖြူရောင်(၁)ကီလိုဂရမ် (၁၀၀၀)ဂရမ် အစိုင်အခဲတစ်တုံး၊ ရှူးဖိနပ်အတွင်းမှ WY စာတမ်းပါ ပန်းရောင်ဆေးပြား ၂ ပြား၊ စုစုပေါင်း (၅၂၅၂)ပြား၊ စုစုပေါင်းအလေးချိန် (၄၇၂ ဒသမ ၆၈)ဂရမ်၊ ကာလတန်ဖိုးကျပ် (၁၅၇)သိန်းကျော်နှင့် အဖြူရောင်ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် မူးယစ်ဆေးဝါး ICE ဟု ယူဆရသည့် အဖြူရောင်အစိုင်အခဲ အကြေမှုန့် ၃ ဂရမ်ခန့်ပါ ၁ ထုပ်၊ စုစုပေါင်း (၁၀၀၃)ဂရမ်၊ ကာလတန်ဖိုးကျပ်သိန်း (၈၀၂)သိန်းကျော်၊ မူးယစ်ဆေးရောင်းချရာတွင် အသုံးပြုသည်ဟု ယူဆရသော ထိုင်းဆင်းကတ်ပါ ဖုန်းတစ်လုံး၊ မြန်မာငွေရောရာ (၁၁၉၁၀၀)ကျပ်၊ ထိုင်းငွေရောရာ (၂၅၀၀)ဘတ်၊ စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း (၁၂၂၃)သိန်းကျော် သိမ်းဆည်းရမိခဲ့သည်။


ထို့ပြင် မူးယစ်ဆေးသယ်ဆောင်ရာတွင် အသုံးပြုသည့် အဖြူရောင်(ISUZU) အမျိုးအစားမော်တော်ယာဉ်(၁)စီး၊ ယာဉ်မောင်းစောထူးကို၏ ခါး၌ (BERETTA made in Italy) စာတမ်းပါ အနက်ရောင်(၉)မမ ပစ္စတို (၁)လက်၊ ကျည်အိမ်(၁)ခု၊ ကျည်(၁၆)တောင့်တို့အား တွေ့ရှိရသဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း၊ ဝင်းအေး (ခ) အာဒစ်၏ ထွက်ဆိုချက်အရ မူးယစ်ဆေးသယ်ဆောင်၊ ရောင်းချရာတွင် အသုံးပြုသည့် ထိုင်းအက္ခရာပါ ယာဉ်မှာ ဘုရားသုံးဆူမြို့ အမှတ်(၂)ရပ်ကွက်၊ ဥဒေါင်းကန်အနီးရှိ (အာနိုး) ရေဆေးခုံတွင် သွားရောက်ရေဆေးထားကြောင်း သိရသဖြင့် သက်သေများနှင့်အတူ ရှာဖွေသိမ်းဆည်းခဲ့ကြောင်း၊


မူးယစ်ဆေးများအား လက်ဝယ်ထား၊ သယ်ဆောင်၊ ရောင်းချ၊ ဖြန့်ဖြူးနေသူ ကျော်လင်းထွန်း (ခ) အငယ်ကောင်နှင့် ၎င်း၏ဇနီး မန္ဒီထွန်းတို့အားလည်းကောင်း၊ ဝင်းအေး (ခ) အာဒစ်၊ စောထူးကိုနှင့် အချွန်းလ်တို့ (၃)ဦးအား အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်သူဟိန်း(ပြန်/ဆက်)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ဘုရားသုံးဆူမြို့တွင် စိတ်ကြွမူးယစ်ဆေးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ ဘုရားသုံးဆူမြို့တွင် စိတ်ကြွမူးယစ်ဆေးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 10:23 Rating: 5
Powered by Blogger.