ခရီးသည်တင်ယာဉ်တစ်စီး အမြန်လမ်းတွင် အရှိန်လွန်တိမ်းမှောက်


ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်၁၀၅/၇နဲ့ ၁၀၆/၀ အကြားမှာ သြဂုတ် ၁၀ ရက် ညနေက ခရီးသည်တင်ယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်ခဲ့ပါတယ်။

 အဲဒီယာဉ်ဟာ အမြန်လမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် အခင်းဖြစ်မိုင်တိုင်အရောက် အရှိန် မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်ကို တိမ်းမှောက်ခဲ့ရာ ယာဉ်နောက်လိုက် တစ်ဦးသာ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ပြီး မစိုးရိမ်ရ လူနာအဖြစ် ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။


ဖြစ်စဉ်နဲ့ ပက်သက်ပြီး ဖြူးအမြန်လမ်းမကြီးရဲစခန်းက ယာဉ်မောင်းဖြစ်သူ ကို ယာဉ်မဆင်မခြင်မောင်းနှင်းခဲ့တာကြောင့် ယာဉ်(ပ) ၁၄/၁၈ ရာဇသတ်ကြီးပုဒ်မ၃၃၇ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း/ဓာတ်ပုံ - ဖြိုးကိုလင်း(ညောင်ဝိုင်း)
One News Myanmar
https://www.facebook.com/onenewsmyan/
ခရီးသည်တင်ယာဉ်တစ်စီး အမြန်လမ်းတွင် အရှိန်လွန်တိမ်းမှောက် ခရီးသည်တင်ယာဉ်တစ်စီး အမြန်လမ်းတွင် အရှိန်လွန်တိမ်းမှောက် Reviewed by THITHTOOLWIN on 11:27 Rating: 5
Powered by Blogger.