အမြန်လမ်း၌ ယာဉ်ငယ်တစ်စီး အရှိန်လွန်ကာ ဆည်ရေလွှတ်မြောင်းအတွင်းပြုတ်ကျ၍ နှစ်ဦးသေဆုံးပြီး တစ်ဦးကယ်တင်နိုင်


ဖြူး သြဂုတ် ၉

ရန်ကုန်-နေပြည်တော် အမြန်လမ်းပိုင်း ဖြူးမြို့နယ် မိုင်တိုင် ၁၁၃/၄ နှင့် ၅ အကြား၌ သြဂုတ် ၉ ရက် နံနက် ၁ နာရီ မိနစ် ၅ဝ ခန့်က အိမ်စီးယာဉ်ငယ်တစ်စီး အရှိန်လွန်ကာ လမ်းနှစ်ခုအကြားရှိ ဖြူးချောင်းရေလွှဲဆည် ရေလွှတ်မြောင်း အတွင်းသို့ ထိုးကျခဲ့ရာ နှစ်ဦးရေနစ် သေဆုံး၍ ကျန်တစ်ဦးမှာ ရဲတပ်ဖွဲ့ဝင်များ အချိန်မီ ရောက်ရှိကယ်ဆယ်နိုင်ခဲ့သည့် အတွက် အသက်ရှင်ခဲ့ကြောင်း ဖြူး အမြန်လမ်းရဲစခန်းမှ စခန်းမှူး ရဲအုပ် လှိုင်ဇော်ဦးက ပြောသည်။

ရန်ကုန်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော အိမ်စီးယာဉ်ငယ် တစ်စီး တံတားလက်ရန်းကို တိုက်မိကာ မြောင်းအတွင်း ပြုတ်ကျသွားကြောင်း သတင်းအရ ဖြူးအမြန်လမ်းရဲစခန်းမှ စခန်းမှူး ရဲအုပ် လှိုင်ဇော်ဦးနှင့် အဖွဲ့၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ ဒုဦးစီးမှူး သိန်းထွန်း ဦးစီးအဖွဲ့နှင့်အတူ အခင်း ဖြစ်နေရာကို သွားရောက်စစ်ဆေးရာ 1G/-----SURF ယာဉ်သည် ရေမြောင်းအတွင်း ထိုးကျနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါယာဉ်ကို စစ်ဆေးရာ ယုဇနဥယျာဉ်မြို့တော် (ဃ-၁)လမ်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်နေသူ ယာဉ်မောင်း တင်ရွှေ၊ အင်းစိန်မြို့နယ်နေသူ ဦးနှင်းဝေ အောင်တို့အား သေဆုံးလျက်တွေ့ရှိရပြီး ရေမွန်းနစ်မြုပ်နေသော မြောက်ဒဂုံမြို့နယ် (၃၁)ရပ်ကွက်နေသူ ဦးကျော်မင်း (၄၁နှစ်)ကို အချိန်မီ ကယ်ထုတ်နိုင်ခဲ့ သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ဖြူး အမြန်လမ်းရဲစခန်းက အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အမြန်လမ်း၌ ယာဉ်ငယ်တစ်စီး အရှိန်လွန်ကာ ဆည်ရေလွှတ်မြောင်းအတွင်းပြုတ်ကျ၍ နှစ်ဦးသေဆုံးပြီး တစ်ဦးကယ်တင်နိုင် အမြန်လမ်း၌ ယာဉ်ငယ်တစ်စီး အရှိန်လွန်ကာ ဆည်ရေလွှတ်မြောင်းအတွင်းပြုတ်ကျ၍ နှစ်ဦးသေဆုံးပြီး တစ်ဦးကယ်တင်နိုင် Reviewed by THITHTOOLWIN on 13:07 Rating: 5
Powered by Blogger.