![]() |
အင်ဒိုနီးရှားနိုင်ငံ တွင် ငလျင်လှုပ်ခတ်ပြီးနောက် အပျက်အစီးများအားတွေ့ရစဉ် (ဆင်ဟွာ) |
အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Lombok ကျွန်းတွင် သြဂုတ် ၅ရက် က အင်အား ၇.၀ ပမာဏရှိ အင်အား အလွန်ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် သေဆုံးသူဦးရေသည် ၉၁ဦးအထိ မြင့်တက်လာပြီး ဒဏ်ရာရရှိသူ အရေအတွက် ၂၀၉ဦးရှိလာကြောင်း တာဝန်ရှိသူတစ်ဦးက သြဂုတ် ၆ရက်တွင်ပြောကြားခဲ့သည်။
ငလျင်ကြောင့် လူနေအိမ် နှင့် အဆောက်အအုံ ထောင်ပေါင်းများစွာ ပျက်စီးခဲ့ပြီး ထောင်ပေါင်းများစွာသော ပြည်သူတို့ သည် နေအိမ်များကို စွန့် ခွာခဲ့ရကြောင်း နှင့် ငလျင်ဒဏ်သင့်ပြည်သူများကို ကယ်ဆယ်ရေးဆက်လက်လုပ်ဆောင်နေကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့် ခွဲမှု အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho ကဆိုသည်။
“ ဒဏ်ရာရသူတွေကို ငလျင်ဒဏ်သင့်ထားတဲ့ ဆေးရုံပြင်ပတွေမှာ ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ဆေးရုံဆေးပေးခန်း ပြင်ပတွေမှာ ဆေးကုသမှုပေးနေပါတယ်” ဟု ၄င်းပြောရေးဆိုခွင့်ရှိသူက ဆင်ဟွာသတင်းဌာနသို့ ဖုန်းဖြင့် စာတိုပေးခဲ့သည်။ငလျင်ကြောင့် အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်းပေါ်ရှိ အဓိကခရီးသွားနေရာများ ထိခိုက်ပျက်စီးခဲ့ရကြောင်း Sutopo ကဆိုသည်။
“ သေဆုံးသူအများစုမှာ အဆောက်အအုံ ကွန်ကရစ်များအတွင်း ပိတ်မိခြင်းနဲ့ ပြိုကျအဆောက်အအုံများ၏ အပျက်အစီးပုံများ ရိုက်ခတ်ခံရခြင်းတို့ ကြောင့် သေဆုံးရခြင်းဖြစ်ပါတယ်” ဟု ၄င်းကဆိုသည်။အင်ဒိုနီးရှားနိုင်ငံ အရှေ့ ဂျာဗားကျွန်းအပါအဝင် ဘာလီကျွန်းအနီး တစ်ဝိုက်ရှိ ကျွန်းများလည်း ငလျင်ဒဏ်ကို ခံစားခဲ့ရပြီး ပြည်သူများသည် နေအိမ် နှင့် အဆောက်အအုံအပြင်ဘက်သို့ ထွက်ပြေးခဲ့ရကြောင်း Sutopo က ပြောကြားခဲ့သည်။
ဒဏ်ရာရသူများအား ကယ်ဆယ်ရေး အစီအစဉ်များကို ဆက်လက်လုပ်ဆောင်နေသော်လည်း ငလျင်ကြောင့် အပျက်အစီးများနှင့်အတူ ဆက်သွယ်သွားလာရေး အားနည်းသွားသဖြင့် ခက်ခက်ခဲခဲဆောင်ရွက်နေရကြောင်း သိရသည်။သြဂုတ် ၅ ရက် ဒေသစံတော်ချိန်၁၈.၄၆ နာရီတွင် Lombok Timur ခရိုင် အနောက်မြောက်ဘက် ၁၈ ကီလိုမီတာအကွာ၌ မြေပြင်အောက် အနက် ၁၅ ကီလိုမီတာကို ဗဟိုပြု၍ ပြင်းအား ၇.ဝ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲ ငလျင်ငယ် ၄၇ ကြိမ် ဆက်လက်လှုပ်ခတ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသ နှင့် ဘူမိရူပအေဂျင်စီ မှ အရာရှိ Yusuf Khaidar Ali က ဆင်ဟွာသတင်းဌာနသို့ ဖုန်းဖြင့် ဖြေကြားခဲ့သည်။
(Xinhua)
http://www.xinhuamyanmar.com
အင်ဒိုနီးရှား ငလျင်ကြောင့် သေဆုံးသူ ၉၁ဦး နှင့် ဒဏ်ရာရရှိသူ ၂၀၉ဦး ရှိလာ
Reviewed by THITHTOOLWIN
on
19:36
Rating:
