အသေခံဗုံးခွဲမှုအတွင်းမှာ နေတိုးတပ်သား ၃ ဦး သေဆုံး


၅ သြဂုတ်

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းမှာ ကင်းလှည့်နေတဲ့ အမေရိကန်ဦးဆောင်တဲ့ နေတိုးတပ်သား ၃ ဦးဟာ အသေခံဗုံးခွဲတိုက်ခိုက်မှုအတွင်းမှာ သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန်စစ်သားတစ်ဦးနဲ့ အာဖဂန်စစ်သား ၂ ဦးလည်း ဒဏ်ရာရကြောင်း ပြောပေမယ့် သေဆုံးသွားသူ ၃ ဦးဟာ ဘယ်နိုင်ငံသားဖြစ်တယ်ဆိုတာတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။

ဒီအသေခံဗုံးခွဲတိုက်ခိုက်မှုကို သူတို့လုပ်ဆောင်တာဖြစ်ကြောင်း တာလီဘန်တွေက ဆိုပါတယ်။ တာလီဘန်တွေရဲ့ ထုတ်ပြန်ချက်ထဲမှာ အမေရိကန်စစ်သား ၈ ယောက်ကို သေဆုံး ဒါမှမဟုတ် ဒဏ်ရာရရှိအောင် ဗျူဟာကျကျ ဖောက်ခွဲခဲ့တယ်လို့ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့လက အာဖဂန်တောင်ပိုင်းက အကြမ်းဖက်တိုက်ခိုက်မှုမှာ အမေရိကန်စစ်သားတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

တိုက်ခိုက်ရေးမှာ နေတိုးတပ်သားတွေ မပါဝင်တော့ကတည်း ဒဏ်ရာရှိတဲ့နှုန်းကလည်း ကျဆင်းလာခဲ့ပါတယ်။ ဒါပေမယ့် တာလီဘန်နဲ့ IS အဖွဲ့တွေက အစိုးရနဲ့ ပြည်သူတွေကို ပစ်မှတ်ထားပြီး သေအကြေတိုက်ခိုက်မှုကို တိုးမြှင့်လုပ်ဆောင်လာတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကလည်း အသေခံဗုံးခွဲသမား ၂ ဦးဟာ အမျိုးသမီးဟန်ဆောင်ပြီး ရှီးရိုက်ဗလီကို ဝင်ရောက်ပြီး အသေခံဗုံးခွဲတဲ့အတွက် ဝတ်ပြုသူ ၃၅ ဦး သေဆုံးပြီး လူ ၉၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

အာဖဂန်မှာ အမေရိကန်စစ်သား တစ်သောင်း သုံးထောင်ထဲက နှစ်ထောင်ဟာ အကြမ်းဖက်သမား နှိမ်နှင်းရေးမှာ တာဝန်ထမ်းဆောင်နေပါတယ်။

ကိုးကား- AFP
Myanmar Digital News
http://myanmardigital.news
အသေခံဗုံးခွဲမှုအတွင်းမှာ နေတိုးတပ်သား ၃ ဦး သေဆုံး အသေခံဗုံးခွဲမှုအတွင်းမှာ နေတိုးတပ်သား ၃ ဦး သေဆုံး Reviewed by THITHTOOLWIN on 20:16 Rating: 5
Powered by Blogger.