![]() |
REUTERS/Mohammad Ponir Hossain |
မဆင်မခြင် စည်းကမ်းမဲ့ မောင်းနှင်ခဲ့ကြတဲ့ ဘတ်စကားနှစ်စီးကြောင့် ကျောင်းသားနှစ်ဦးသေဆုံးခဲ့ရပြီးတဲ့နောက် ဒါကာမြို့မှာ ဆန္ဒပြပွဲတွေ ထပ်ကာတလဲ ပေါ်ပေါက်လာခဲ့တာပါ။
အဲဒီ ဆန္ဒပြပွဲတွေအတွင်း တိုက်ခိုက်မှုတွေကြောင့် လူငယ် ၁၂ ဦးလောက် ဒဏ်ရာတွေရရှိပြီး ဆေးရုံပို့ထားရပါတယ်။ အစိုးရထောက်ခံသူတွေက ကျောင်းသားတွေကိုသာမက သတင်းထောက်တွေကိုပါ တိုက်ခိုက်ခဲ့ကြလို့ AP ဓါတ်ပုံသတင်းထောက်တဦး ဆေးရုံရောက်ခဲ့ရပါတယ်။
ဒါ့ပြင် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အမေရိကန် သံအမတ် လိုက်ပါလာတဲ့ သံရုံးကားကို ဆိုင်ကယ်စီး လူတစုက တိုက်ခိုက်ခဲ့ကြတယ်လို့ သံရုံးက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ လာမယ့် ဒီဇင်ဘာလအတွင်း ရွေးကောက်ပွဲ ကျင်းပဖို့ရှိပါတယ်။ အခု ကျောင်းသားဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး လက်ရှိအာဏာရ ၀န်ကြီးချုပ် ရှိတ်ဟာဆီနာရဲ့ ပါတီ က အတိုက်အခံပါတီခေါင်းဆောင် ခါလီင်္ဒါဇီယာ အပေါ် ကျောင်းသားတွေကို အသုံးချပြီး နိုင်ငံရေး အမြတ်ထုတ်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။
ဒီအတွင်း ဘင်္ဂလာဒေ့ရှ် နိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာဆီနာ က အကြမ်းဖက်မှုတွေ စတင်ဖြစ်ပွားလာနေတာကြောင့် ၈ ရက်ကြာ ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို အိမ်ပြန်ဖို့ တိုက်တွန်းလိုက်ပါတယ်။
အာဏာပိုင်တွေက တယ်လီဖုန်းလိုင်း ကွန်ယက်တွေကို ဖြတ်တောက်ထားသလို မြို့တွင်း ဆက်သွယ်သွားလာမှုတချို့လည်း ပြတ်တောက်နေပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ လိုင်စင်မဲ့ မောင်းနှင်သူတွေ၊ မှတ်ပုံတင်မထားတဲ့ ကားတွေနဲ့ အမြန်မောင်းနေကြတဲ့ ဘတ်စကားတွေဟာ နေ့တဓူဝ ကိစ္စတွေဖြစ်နေပြီး၊ ရဲတွေက လာဘ်စား၊ ယာဉ်ကြောထိန်းသိမ်းမှုကလည်း မရှိသလောက်ဖြစ်နေတဲ့အတွက် နှစ်စဉ်အနည်းဆုံး လူ တသောင်းနှစ်ထောင် လောက် လမ်းတွေပေါ်မှာ သေဆုံးနေရတယ်လို့ AP သတင်းက ဖေါ်ပြပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
ဆန္ဒပြ ဘင်္ဂလားဒေ့ရှ် ကျောင်းသားတွေကို ရဲတပ်ဖွဲ့ လူစုခွဲခဲ့
Reviewed by THITHTOOLWIN
on
10:10
Rating:
