![]() |
Photo: Reuters |
ဇူလိုင် ၂၅ ရက်နေ့က ကျင်းပတဲ့ရွေးကောက်ပွဲမှာ အနိုင်ရလို့ လာမယ့် သီတင်းပတ်မှာ ကျမ်းသစ္စာကျိန်ဆိုတော့မယ့် Imran Khan ဟာ ပါကစ္စတန်နိုင်ငံဆိုင်ရာ အမေရိကန်ယာယီ သံအမတ် John F. Hoover နဲ့ ဒီလ ၈ ရက်နေ့မှာ တွေ့ဆုံတဲ့အခါ ဆက်ဆံရေး တက်လိုက် ကျလိုက်ဖြစ်နေတာ ယုံကြည်မှုပျက်ပြားစေတယ်လို့ ပြောပါတယ်။
အစ္စလာမ္မစ်သူပုန်တွေကို ကူညီတယ်လို့ အမေရိကန်က စွပ်စွဲတာကို ပါကစ္စတန်က ငြင်းထားပြီး အမေရိကန်ကလည်း ပါကစ္စတန်ကိုပေးနေတဲ့ အကူအညီနဲ့ စစ်ရေးအထောက်အပံ့တွေကို ဆိုင်းငံ့ထားပါတယ်။
Imran Khan ရဲ့ PTI- Pakistan Tehreek-e-Insaf ပါတီဟာ ယုံကြည်မှုနဲ့ အပြန်အလှန် လေးစားရေးပေါ် အခြေခံပြီး အမေရိကန်နဲ့ ဆက်ဆံရေးတည်ဆောက်လိုတယ်လို့ ပါတီကြေညာချက်မှာ ပါရှိပါတယ်။ ဒါမှ ပိုယုံကြည်ထိုက်ပြီး ဟန်ချက်ညီညီနဲ့ ပါကစ္စတန်အစိုးရဟာ အမေရိကန်နဲ့ စေ့စပ်ဆောင်ရွက်နိုင်မယ်လို့ ဖော်ပြပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
ကန်နဲ့ ဆက်ဆံရေး တိုးတက်ဖို့ ပါကစ္စတန် ခေါင်းဆောင်သစ် ပြောကြား
Reviewed by THITHTOOLWIN
on
11:03
Rating:
