မင်းလှ၌ သံဃာအပါး(၄၀)ပါး အော့အန်ခြင်းနှင့် ဝမ်းသွားခြင်းဖြစ်ပြီး ဆေးကုသမှုခံယူ


မင်းလှ သြဂုတ် ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့၊ အမှတ်(၅) ရပ်ကွက် ဝေဠုဝန် စာသင်တိုက်တွင် ဒေသလောင်းလှူသော ဆွမ်းများ စားသုံးမိပြီး သြဂုတ် ၁၀ ရက်နံနက် ပိုင်း က သံဃာ (၄၀) ပါးနှင့် ကျောင်းသား တစ်ဦးအော့အန်ခြင်း၊ ဝမ်းသွားခြင်း၊ ဖျားနာခြင်းတို့ဖြစ်ပွား ခဲ့ကြောင်းသိရသည်။

အဆိုပါဝေဠုဝန်စာသင်တိုက်တွင်ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကုဏ္ဏလနှင့်သံဃာ(၉၁)ပါးရှိပြီးသြဂုတ် ၉ ရက်နေ့လည်ဆွမ်းတွင် ပဲပြုတ်၊အချဉ်သုပ်၊ ဒေသလောင်းလှူသောဆွမ်း၊ဟင်းတို့ဖြင့် ဆွမ်းဘုန်းပေးခဲ့ပြီးကိုရင်(၃၅)ပါး၊ ရဟန်း(၅)ပါးနှင့် ကျောင်းတိုက်နေ ဒသမတန်းကျောင်းသားတစ်ဦးအော့အန်ခြင်း၊ ဝမ်းသွားခြင်း၊ ဖျားနာခြင်းတို့ဖြစ်ပွားခဲ့ပြီးမင်းလှပြည်သူ့ဆေးရုံသို့တင်ပို့ခဲ့ရာမြို့နယ် ဆရာဝန်ကြီးဒေါက်တာလှဝင်းနှင့် သူနာပြုဆရာမများကဆေးဝါးများ ကုသပေးရာအတွင်းလူနာ(မစိုးရိမ်ရ)ဖြင့်ဆေးကုသမူခံယူလျှက်ကြောင်း၊ကျန်ရှိသောသံဃာတော်များအားကျန်းမာရေးဝန်ထမ်းများကစောင့်ကြည့်လျှက်ရှိသည်။

ဆေးကုသမူခံယူလျှက်ရှိသော သံဃာတော်များအား မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မရဲစခန်းမှူးနှင့်တပ်ဖွဲ့ဝင်များ ၊မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ၊မြို့နယ်သာသနာရေးဦးစီးမှူးတို့ကလိုအပ်သည်များကိုကူညီစောင့်ရှောက်ပေးလျှက်ရှိကြောင်း
သိရသည်။

ပေါက်စ (မင်းလှ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မင်းလှ၌ သံဃာအပါး(၄၀)ပါး အော့အန်ခြင်းနှင့် ဝမ်းသွားခြင်းဖြစ်ပြီး ဆေးကုသမှုခံယူ မင်းလှ၌ သံဃာအပါး(၄၀)ပါး အော့အန်ခြင်းနှင့် ဝမ်းသွားခြင်းဖြစ်ပြီး ဆေးကုသမှုခံယူ Reviewed by THITHTOOLWIN on 22:09 Rating: 5
Powered by Blogger.