ဗုဒ္ဓဘာသာဝင် အင်ဒိုနီးရှာအမျိုးသမီး ဘာသာရေးစော်ကားမှုမမြောက်

အင်ဒိုနီးရှားတရားရုံးမှာ ဘာသာရေးစော်ကားမှုနဲ့ တရားရင်ဆိုင်နေရတဲ့ အင်ဒိုနီးရှားနိုင်ငံသူ တရုတ် ဗုဒ္ဓဘာသာဝင် အမျိုးသမီး။ Photo: AP
အင်ဒိုနီးရှားနိုင်ငံမှာ ဗုဒ္ဓဘာသာ အမျိုးသမီးတဦးက သူ့အိမ်အနီးမှာရှိတဲ့ ဗလီဝတ်ကျောင်းက အသံတွေဟာ ဆူညံတယ်လို့ ပြောခဲ့တာကြောင့် အင်ဒိုနီးရှားဥပဒေပါ ဘာသာရေးကို စော်ကားမှုနဲ့ အရေးယူခဲ့တာဟာ ပြစ်မှု မမြောက်ဘူးလို့ အင်ဒိုနီးရှားနိုင်ငံက အကြီးဆုံး အစ္စလမ်ဘာသာရေးအဖွဲ့က ဝေဖန်လိုက်ပါတယ်။

ဗလီဝတ်ကျောင်းက ဆူညံပါတယ်ဆိုလို့ တိုင်တန်းခဲ့သူ တရုတ်အမျိုးသမီးဟာ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး သူ့ကို ဆူမတ်တြာမြောက်ပိုင်း၊ မီဒန်မြို့တရားရုံးကနေ သြဂုတ်လ ၁၈ ရက်နေ့က ထောင်ဒဏ် ၁၈ လ ချမှတ် ခဲ့ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံမှာ အဖွဲ့ဝင် သန်း ၆ဝ ကျော်ရှိတဲ့ အစ္စလမ်ဘာသာရေးအဖွဲ့ကြီးရဲ့ ခေါင်းဆောင်တွေက ဒီအမျိုးသမီးဟာ ဥပဒေကို ချိုးဖောက်ခဲ့တာ မဟုတ်လို့ ပြောပါတယ်။ ဘာသာရေးအဖွဲ့ ဒုဥက္ကဋ္ဌက အမျိုးသမီးရဲ့ ပြောဆိုချက်မှာ ဘာသာရေးမုန်းတီးမှု မပါဘူးလို့ ဆိုပါတယ်။ တရားခံရှေ့နေကလည်း သူ့အမှုသည်အတွက် အယူခံပြန်တင်မှာဖြစ်တယ်လို့ ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

ဗုဒ္ဓဘာသာဝင် အင်ဒိုနီးရှာအမျိုးသမီး ဘာသာရေးစော်ကားမှုမမြောက် ဗုဒ္ဓဘာသာဝင် အင်ဒိုနီးရှာအမျိုးသမီး ဘာသာရေးစော်ကားမှုမမြောက် Reviewed by THITHTOOLWIN on 20:24 Rating: 5
Powered by Blogger.