![]() |
ပါကစ္စတန်နိုင်ငံတွင် သြဂုတ်၎ ရက်က ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုအားတွေ့ရစဉ် (ဆင်ဟွာ) |
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Kohat ခရိုင်တွင် သြဂုတ် ၄ရက် ညနေပိုင်းတွင် ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ဦးသေဆုံးပြီး အခြားလူ ၃၀ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်း နှင့် ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
သတင်းဖော်ပြချက်များအရ နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ် Kohat ခရိုင် Samari ဧရိယာအနီးရှိ Indus အဝေးပြေးလမ်းမပေါ်တွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီး နှင့် ဆီတင်ယာဉ်တစ်စီး တိုက်မိခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာသို့ ကယ်ဆယ်ရေးအဖွဲ့များ နှင့် ရဲတပ်ဖွဲ့များ အလျင်အမြန်ရောက်ရှိလာပြီး ရုပ်အလောင်းများကို နေရာရွှေ့ပြောင်း၍ ဒဏ်ရာရရှိသူများကို ခရိုင်အတွင်းရှိ ခရိုင်ဆေးရုံသို့ပို့ဆောင်းပေးခဲ့ကြောင်း သိရသည်။
သေဆုံးသူများတွင် အမျိုးသမီး ၂ ဦး နှင့် ကလေးငယ် ၂ဦး ပါဝင်ကြောင်း နှင့် ယာဉ်တိုက်မှုသည် အရှိန်လွန်မောင်းနှင်မှုကြောင့်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
![]() |
ပါကစ္စတန်နိုင်ငံတွင် သြဂုတ်၎ ရက်က ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုအားတွေ့ရစဉ် (ဆင်ဟွာ) |
ပါကစ္စတန်နိုင်ငံတွင် လမ်းများပျက်စီးယိုယွင်းနေခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများအား လိုက်နာမှုမရှိခြင်း နှင့် မဆင်မခြင်ယာဉ်မောင်းနှင်မှုတို့ကြောင့် ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
(ဆင်ဟွာ)
http://www.xinhuamyanmar.com
ပါကစ္စတန်အနောက်မြောက်ပိုင်းတွင် ဘတ်စ်ကား နှင့် ဆီတင်ယာဉ်တိုက်မိ၍ လူ ၁၄ဦးသေ၊ ၃၀ဦးကျော် ဒဏ်ရာရရှိ
Reviewed by THITHTOOLWIN
on
19:58
Rating:
