![]() |
ကျိုက်မရောမြို့နယ်မှာ ရေကြီးနေတဲ့ စာသင်ကျောင်းတစ်ကျောင်းကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၂ ရက်နေ့ကတွေ့ရစဉ် ။ ဓာတ်ပုံ-စောချစ်သန်း |
ရေကြီးနစ်မြုပ်နေတာနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်ဦးက ပြောပါတယ်။
"အားလုံးပေါင်း ကျေးရွာ ၂၂ ရွာမြုပ်တယ်၊ အိမ်ထောင်စုက ၄၅ဝဝ ကျော်တယ်၊ ၂ သောင်း ၁ ထောင်ကျော်၊ လွန်ခဲ့တဲ့ ၁ ရက်ကျော်က ပေါ့ပလော့ရွာက လှေနဲ့သွားနေရင်းနဲ့ အဲဒီမှာ လေပြင်းတိုက်ခတ်ပြီးတော့ ၂ ယောက်တော့ ရေနစ်သေဆုံးသွားတာရှိပါတယ်"
အလားတူ သထုံမြို့နယ်မှာလည်း မိုးအဆက်မပြတ်ရွာနေတာကြောင့် ကျေးရွာ ၃၀ ကျော် ရေကြီးနစ်မြုပ်နေပြီး လူတစ်သောင်းခွဲ ရေဘေးသင့်နေပါတယ်။
သထုံမြို့နယ်မှာ ရေဘေးသင့်တဲ့ကျေးရွာတွေကို အစိုးရထောက်ပံ့မှုနည်းနေသလို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လာရောက်ထောက်ပံ့တာတွေ မရှိသေးဘူးလို့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
လက်တလောမှာ ဆန်၊ စားသောက်ကုန်နဲ့ ရေသန့်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။
လက်ရှိ ကျိုက်မရောနဲ့ သထုံမြို့နယ်တွေက ရေဘေးသင့်သူတွေဟာ ရေဘေးကယ်ဆယ်ရေးစခန်းတွေကို မရောက်ရှိဘဲ နေအိမ်တွေမှာပဲ ရှိနေဆဲဖြစ်ပါတယ်။
မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းတွေမှာ ကယ်ဆယ်ရေးစခန်းတချို့ ပိတ်သိမ်းသွားပြီဖြစ်ပြီး ရေဘေးသင့်ဒေသ ၅ခုက ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ လူဦးရေ ၇သောင်းကျော်ပဲ ရှိတော့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဟာ ကရင်ပြည်နယ်ကို ဒီနေ့ ရောက်ရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မြန်မြန်လုပ်ဆောင်ဖို့ မှာကြားခဲ့တယ်လို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။
RFA Burmese
https://www.rfa.org/burmese
ကျိုက်မရောမှာ ရေဘေးဒုက္ခသည် နှစ်သောင်းကျော်ရှိ၊ လူနှစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
22:56
Rating:
