အကြွေးတောင်းရာမှ ဓားထိုးမှုဖြစ်ပွားပြီး ကြွေးရှင် အမျိုးသမီး သေဆုံး


တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ရွှေဘုံသာရပ်ကွက်မှာ သြဂုတ်လ(၂၀)ရက် ညနေပိုင်းက အကြွေးတောင်းရာကနေ စကားများရန်ဖြစ်ပြီး အကြွေးတောင်းခံရသူက ဓားနဲ့ထိုးလိုက်လို့ အကြွေးလာတောင်းတဲ့ အမျိုးသမီး(၁)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ရွှေညောင်မြို့၊ ရွှေဘုံသာရပ်၊နယ်မြေ(၁)နေ ညီအစ်မ(၂)ဦးက ညနေ(၇)နာရီခန့်မှာ တစ်ရပ်ကွက်တည်းနေသူ အမျိုးသားတစ်ဦးဆီ အကြွေးတောင်းရာကနေ စကားများရန်ဖြစ်ပြီး အဲဒီအမျိုးသားက သစ်သားရိုးတပ် အရိုးအသွား(၁၂)လက်မရှိ ဓားဦးချွန်နဲ့ ထိုးလိုက်တဲ့အတွက် ညီအမနှစ်ဦးမှာ ဓားဒဏ်ရာတွေ ရရှိခဲ့ပြီး အမျိုးသားမှာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဲဒီနောက်ဓားနဲ့ထိုးသူအမျိုးသားကို ည(၈)နာရီ(၄၀)မိနစ်ခန့်မှာ ဖမ်းဆီးရမိခဲ့ပြီး ဓားနဲ့အထိုးခံရတဲ့ညီအစ်မ(၂)ဦးထဲက အမဖြစ်သူ အသက်(၄၀)မှာ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၊ ခွဲစိတ်ဆောင်ရှိ အရေးပေါ်ခန်းမှာ ဆေးကုသမှုခံယူနေစဉ် ည(၉)နာရီအချိန်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ ဖမ်းဆီးရမိခဲ့တဲ့ အမျိုးသားကို ရွှေညောင်မြို့၊ နယ်မြေရဲစခန်းမှာ (ပ)၉၅/၂၀၁၈၊ရာဇသတ်ကြီး ဥပဒေပုဒ်မ(၃၀၂)နဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

သတင်း - ဇော်မိုးဦးနှင့်သန်းထိုက်အောင်
One News Myanmar
https://www.facebook.com/onenewsmyan
အကြွေးတောင်းရာမှ ဓားထိုးမှုဖြစ်ပွားပြီး ကြွေးရှင် အမျိုးသမီး သေဆုံး အကြွေးတောင်းရာမှ ဓားထိုးမှုဖြစ်ပွားပြီး ကြွေးရှင် အမျိုးသမီး သေဆုံး Reviewed by THITHTOOLWIN on 12:33 Rating: 5
Powered by Blogger.