နိုင်ငံတကာ ကုန်သွယ်ရေး စီးပွားရေး အခြေအနေတွေ မရေမရာ ဖြစ်နေကြတဲ့အတွက် ငွေကြေးဈေးကွက်မှာ အမေရိကန် ဒေါ်လာ တန်ဖိုးဟာ ၁၃ လ အတွင်း အမြင့်ဆုံးအဆင့်ကို သြဂုတ်လ ၁ဝ ရက်နေ့က ရောက်ရှိလာပါတယ်။
ဥရောပတိုက်သုံး ယူရိုဒေါ်လာက ၂ဝ၁၇ ခု ဇူလိုင်လ နောက်ပိုင်း အနိမ့်ဆုံးအဆင့်ကို ကျဆင်းသွားပြီး ဗြိတိသျှ စတာလင်ပေါင်လဲ တနှစ်အတွင်း တန်ဖိုးအနိမ့်ဆုံး အခြေအနေကို ရောက်ရှိသွားပါတယ်။
အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးစစ်ပွဲ အလားအလာတွေပေါ်နေချိန်မှာ အမေရိကန်က ရုရှကို စီးပွားရေး ပိတ်ဆို့မှုလုပ်ဖို့ စိုင်းပြင်းနေတာကလဲ တချက်ဖြစ်ရတယ်။
သြဂုတ်လ ၉ ရက်နေ့ ညနေပိုင်း နယူးယောက်မြို့ ငွေကြေးဈေးကွက်ပိတ်ချိန်မှာ အမေရိကန် တဒေါ်လာကို ဂျပန် ယန်းငွေ ၉၆.၁ဝ ငွေလဲနှုန်း ရှိခဲ့ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
အမေရိကန် ဒေါ်လာ တန်ဖိုး ၁၃ လ အတွင်း အမြင့်ဆုံးစံချိန် ရောက်နေ
Reviewed by THITHTOOLWIN
on
21:53
Rating:
