![]() |
သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်နေပြီး မွန်ပြည်နယ်တဝန်း ရေကြီး ရေလျှံမှုတွေနဲ့ ရင်ဆိုင်နေရ |
မွန်ပြည်နယ်မှာတော့ သံလွင်မြစ် ကမ်းပါးနားက ရွာတချို့မှာ မကြုံစဖူး ထူးကဲ ဒီရေကြောင့် နေအိမ် ပြိုကျမှုတွေ ဖြစ်ခဲ့ရပါတယ်။
လက်ပံကျွန်းရွာမှာ ရေကြီးရင် တရွာလုံး မြုပ်လေ့ ရှိပြီး ပေါင်မြို့နယ် အလှပ်ရွာမှာ ပင်လယ် ရေတက်တဲ့ အချိန်ကျရင် လှိုင်းဒဏ်ကို ခံရလေ့ ရှိရာမှာ သြဂုတ်လ ၁၃ရက်နေ့ကတော့ ရေထချိန်မှာ ကျောက်တမံကြီးကို ရေကျော်ပြီး တံငါသည်တွေရဲ့ ရွာကို ရေတွေ လွှမ်းသွားခဲ့တယ်လို့ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက ဘီဘီစီကို ပြောပြပါတယ်။
ရေဘေး ဒုက္ခသည် တသောင်းကျော် ရှိနေ
ကရင်၊မွန်နဲ့ တနင်္သာရီမှာ ရေမြုပ်လို့ လယ်မြေ ဧက ၃ သိန်းကျော်ပျက်စီး
ရေလွှမ်းပြီး လုံးဝ ပြိုကျသွားတဲ့ အိမ် အလုံးပေါင်း ၄၄လုံး ရှိပြီး ထိခိုက်ပျက်စီးတဲ့ အိမ်ကတော့ ၂၆လုံး ရှိတယ်လို့ ဆိုပါတယ်။
အိုးမဲ့ အိမ်မဲ့ ဖြစ်သွားသူ တံငါသည်တွေကို စာသင်ကျောင်းတွေမှာ လောလောဆယ် နေရာ ချထားသလို ဆေးရုံဝင်းထဲကို ရေတွေ ဝင်လာတဲ့အတွက် လူနာတွေကို ဘုန်းကြီးကျောင်းကို ရွှေ့ပြောင်းထားရတယ်လို့ ဒေါ်မိကွန်ချမ်းက ပြောပါတယ်။
![]() |
မော်လမြိုင် ဒိုင်းဝန်ကွင်း က ရေကြီးနေမှု မြင်ကွင်း |
BBC Burmese
https://www.bbc.com
ပေါင်မြို့နယ် ထူးကဲဒီရေကြောင့် အိမ် ၃၀ကျော်ပြိုကျ
Reviewed by THITHTOOLWIN
on
09:43
Rating:
