10August 2018
သြဂုတ်လ ၁၀ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မှ ထိုင်းနိုင်ငံ မယ်စိုင် ချစ်ကြည်ရေးတံတား စစ်ဆေးရေးဂိတ်ကို ဖြတ်ဖို့ ကြိုးစားခဲ့တဲ့ ရှမ်းတိုင်းရင်းသား စိုင်းဟုန် အသက် (၂၆) နဲ့ အတူသယ်လာတဲ့ ဟင်းထုတ်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ က The X-Ray စက်နဲ့  စစ်ကြည့် စစ်ဆေးရာမှာ ဟင်းထုတ်ထဲမှာ ဖွတ်ယူသယ်ဆောင်လာတဲ့ ရာဘ စိတ်ကြွဆေးပြား ၂၀၀၀၀ ကို တွေ့ ရှိခဲ့တာဖြစ်ပါတယ်။
တရားခံဟာ ပုံမှန်အလည်အပါတ် ပုံစံမျိုးနဲ့  ၀င်ရောက်လာတာဖြစ်ပါတယ်။
မူးယစ်ကုန်သယ်တွေဟာ နယ်စပ်ခိုးလမ်းကြောင်းတွေမှာ စစ်တပ်နဲ မူးယစ် နိမ်နင်းရေး ရဲစစ်ကြောင်း စစ်ဆေးရေး တွေ ပိတ်ဆို့ စစ်ဆေးနေ တာကြောင့် ခုလို ဆေးသယ်လူကယ်ရီတွေကို သုံးပြီး ထိုင်းနိုင်ငံထဲ အခကြေးငွေပေး သယ် ခိုင်းနေကြတာဖြစ်ပါတယ်။
ထိုင်းအစိုးရဟာ ၂၀၁၈ ခုနှစ်မှာ ငရဲဆေး (ရာဘ) စိတ်ကြွဆေး ပြား စံချိန်တင် ဖမ်းဆီးခဲ့ပြီး အဓိက သယ်နေတဲ့ လမ်းကြောင်း ချင်းရိုင် -ချင်းမိုင်ဒေသတွေမှာ စစ်ဆေးရှာဖွေမှုတွေ ပိုမိုတင်းကြပ်လာတာ-ဖမ်းဆီးများလာတာကိုလည်းတွေရပါတယ်။
ထိုင်းသတင်းတွေမှာ ခေါ်နေတဲ့ ရာနရုတ်( ငရဲ စိတ်ကြွဆေး ပြား)ရာဘ စိတ်ကြွဆေးတွေ လူကယ်ရီတွေနဲ့  သယ်နေတဲ့သတင်းတွေကြောင့် ချင်းမိုင် ချင်းရိုင်အဝေးပြေးကားဂိတ်တွေမှာ မူးယစ်နိမ်နင်းရေး အဖွဲ့ တွေ ပုံစံမျိုးစုံနဲ့  စောင့်ကြည့်နေကြပါတယ်၊ လိုင်းကားတွေပေါ်မှာ လိုပ်ပါလာတဲ့ သူတွေမှာ မင်္သကာတဲ့သူ ပါလာရင် ဆီးစစ်ဆေးတာတွေလည်း ရှိနေပါတယ်။
ယခုရက်ပိုင်းအတွင်းကပဲ ထိုင်းနိုင်ငံသူ တဦးဟာ ရာသီလာရင် ခံတဲ့ အ၀တ်ထုတ် အကြားမှာ စိတ်ကြွဆေးသယ်လာတာကို ချင်းဒေါင် အဝေးပြေးလမ်း ကားတစီးပေါ်မှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
Social Action for Children and Women - SAW
Credit Manager online
ရာနရုတ် စစ်ဆင်ရေး ကာလအတွင်း မြန်မာနိုင်ငံသားတဦး စိတ်ကြွဆေးပြား ၂၀၀၀၀ ဖြင့် ဖမ်းမိ
Reviewed by THITHTOOLWIN
on
21:28
Rating:
