![]() |
အမေရိကန်နိုင်ငံ ဒုတိယသမ္မတ မိုက်ပန့် ခ်ျ အားတွေ့ ရစဉ်(ဆင်ဟွာ) |
အမေရိကန်နိုင်ငံ ဒုတိယသမ္မတမိုက်ပန့် ခ်ျက အမေရိကန်နိုင်ငံအနေဖြင့် ၂ဝ၂ဝ ပြည့်နှစ်တွင် အာကာသတပ်ဖွဲ့ တစ်ခု ဖွဲ့ စည်းတည်ထောင်သွားရန် စီစဉ်ထားကြောင်း သြဂုတ် ၉ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ထိုသို့ အာကာသတပ်ဖွဲ့ ဖွဲ့ စည်းရန် ပင်တဂွန်စစ်ဌာနချုပ်တွင် ထိပ်တန်းအရာရှိများက မေးခွန်းထုတ်ခဲ့ပြီး သမ္မတဒေါ်နယ်ထရမ့်၏ အကြံဥာဏ်ဖြစ် ဖွဲ့ စည်းရန် ဖြစ်ကြောင်း ပန့် ခ်ျက ဆိုသည်။
“ အမေရိကန်နိုင်ငံ အာကာသတပ်ဖွဲ့ ဖွဲ့ စည်းတည်ထောင်ဖို့ အချိန်ကျရောက်လို့ လာပါပြီ” ဟု ပန့် ခ်ျက ပင်တဂွန်စစ်ဌာနချုပ်၌ ပြုလုပ်သည့် တွေ့ ဆုံဆွေးနွေးပွဲတစ်ခုတွင် ထုတ်ဖော်ပြေကြားခဲ့ခြင်းဖြစ်ပြီး သမ္မတထရမ့်အနေဖြင့် ယခုနှစ်အစောပိုင်းကတည်းက အမေရိကန်စစ်တပ်၏ ၆ ခုမြောက် တပ်ဖွဲ့ သစ်တစ်ခုကို ဖွဲ့ စည်းရန် တိုက်ရိုက်ညွှန်ကြားခဲ့ကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့သည်။
“ အာကာသမှာနေရာယူဖို့ အမေရိကန်ဟာ ဒီလောက်နဲ့ လုံလောက်မှုမရှိသေးပါဘူး။ အာကာသမှာ အမေရိကန်နိုင်ငံစိုးမိုးဖို့ ကျွန်တော်တို့ လုပ်ရမယ်။ဒါကြောင့် ကျွန်တော်တို့ လုပ်ရပါလိမ့်မယ်” ဟု ပန့် ခ်ျက ဆိုသည်။
ပန့် ခ်ျတင်သွင်းခဲ့သော စာမျက်နှာပေါင်း ၁၅ မျက်နှာပါဝင်သည့် အမေရိကန်တပ်ဖွဲ့ သစ် ဖွဲ့ စည်းရေး အစီရင်ခံစာတစ်ခုအပေါ် ပင်တဂွန်ဘက် သဘောမတူမှုများ ရှိခဲ့သည်။
၎င်းအစီရင်ခံစာထဲတွင် အာကာသစစ်ဆင်ရေးတပ်ဖွဲ့ တစ်ခုဖွဲ့ စည်းတည်ထောင်သွားရန် တောင်းဆိုထားပြီး အာကာသကျွမ်းကျင်သူများဖြင့် “ လေ့ကျင့်ရေး ၊ မြှင့်တင်ရေး ၊ အာကာသအတွင်း တိုက်ခိုက်ရေး” အစီအစဉ်များပါဝင်ကြောင်း သိရသည်။ ယင်းတပ်ဖွဲ့ သည် “ အာကာသစစ်ပွဲ ပါဝင်ရေး နှင့် စွမ်းရည်မြှင့်တင်ရေး ” ကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ရေးတပ်ဖွဲ့ သစ်အတွက် ဘက်ဂျက်တောင်းခံမှုကို လာမည့် ၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၊ ကွန်ဂရက်အနေဖြင့် “ အာကာသလုံခြုံရေးစနစ်များအတွက် ကာကွယ်ရေးဖြည့်စွက်ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၈ ဘီလီယံ” ကို အတည်ပြုပေးရမည်ဖြစ်ကြောင်း ဆိုသည်။
ကွန်ဂရက် နှင့် ပင်တဂွန်ထိပ်တန်း အရာရှိများ၏ အတိုက်အခံပြုမှုများနှင့်အတူ “ ကာကွယ်ရေးတပ်ဖွဲ့ အသစ် တစ်ခု ဖွဲ့ စည်းတဲ့ကိစ္စဟာ လွယ်ကူတဲ့ ကိစ္စရပ်တစ်ခုမဟုတ်” ကြောင်း ပန့် ခ်ျက ပြောကြားခဲ့သည်။
(Xinhua)
http://www.xinhuamyanmar.com
အမေရိကန်နိုင်ငံက ၂ဝ၂ဝ ပြည့်နှစ်တွင် အာကာသတပ်ဖွဲ့  ဖွဲ့ စည်းရန်ရှိ
Reviewed by THITHTOOLWIN
on
12:07
Rating:
