ရန်ကုန်-မန္တလေး အမြန်လမ်းတွင် တရားမဝင် ကညင်ခွဲသားများ တင်ဆောင်လာသော ယာဉ်တစ်စီး တိမ်းမှောက်


လှည်းကူး သြဂုတ် ၁၄

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် သြဂုတ် ၁၄ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်က မိုင်တိုင်အမှတ် (၁၅/၂)နှင့်(၁၅/၃)အကြားတွင် တရားမဝင်ကညင်ခွဲသားများ တင်ဆောင်လာသော ယာဉ်တစ်စီး တိမ်း မှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ရန်ကုန်ဘက်သို့ မောင်းနှင်လာသော ယာဉ် (အဖြူရောင်) အမျိုးအစား ယာဉ်၏ရှေ့တွင် 2L/------- ယာဉ်အမှတ် တပ်ဆင်ထားပြီး ယာဉ်၏အနောက်ဘက် တွင် 9J/------- ယာဉ်အမှတ် တပ်ဆင်ထားသောယာဉ်သည် မိုင်တိုင် (၁၅/၂)နှင့်(၁၅/၃)အကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းနှင့်ယာဉ်ပေါ်ပါရှိသူတို့မှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သတင်းအရ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစည်သူလင်းပါ သစ်တောဝန်ထမ်း(၆)ဦး၊ အမှတ်(၃)လမ်းဆုံ အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအုပ်အောင်သန်းဦးပါ(၄)ဦး ပူးပေါင်းအဖွဲ့သည် ယာဉ်အားရှာဖွေစစ်ဆေးရာ တရားမဝင် ကညင်ခွဲသား (ခန့်မှန်း ၁ ဒသမ ၅ တန်)ခန့်၊ ယာဉ်အတွင်းမှ 2L/------- ယာဉ်၏ ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ်တစ်ခု သိမ်းဆည်းရမိပြီး တရားမဝင်ကညင်ခွဲသားများအား တိုင်းတာစစ်ဆေးပြီး မြို့မပျိုးဥယျာဉ်တွင် စနစ်တကျ သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။

တရားမဝင်ကညင်ခွဲသားများ သယ်ဆောင်မှုနှင့်ပတ်သက်၍ သစ်ပိုင်ရှင်၊ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းတို့အား မြို့နယ်တရားရုံးတွင် တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ပြီး ယာဉ်တိမ်း မှောက်မှုနှင့် ပတ်သက်၍ အမှတ်(၃)အမြန်လမ်းရဲစခန်းမှ ယာဉ်အားသိမ်းဆည်းပြီး အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

နိုင်လင်း (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် တရားမဝင် ကညင်ခွဲသားများ တင်ဆောင်လာသော ယာဉ်တစ်စီး တိမ်းမှောက် ရန်ကုန်-မန္တလေး အမြန်လမ်းတွင် တရားမဝင် ကညင်ခွဲသားများ တင်ဆောင်လာသော ယာဉ်တစ်စီး တိမ်းမှောက် Reviewed by THITHTOOLWIN on 18:04 Rating: 5
Powered by Blogger.