မန္တလေးမြို့၊ မဟာမုနိဘုရားကြီးမှ ဘဏ္ဍာပစ္စည်းများထားရှိသောအခန်းကို ဖေါက်ထွင်းခဲ့သူမှာ ဘုရားကြီး လုံခြုံရေးဝန်ထမ်းဖြစ်ပြီး ပုဒ်မ ၆/၁ ဖြင့် အမှုဖွင့်


သြဂုတ် ၁၉ ။

မန္တလေးမြို့ မဟာမုနိဘုရားကြီး၊ဂေါပကအဖွဲ့ရုံးခန်းအနီး၊အခန်းထဲရှိ အလှုခံပုံးထဲမှ အလှူငွေများနှင့် ရွှေဆိုင်း များဖေါက်ထွင်း ယူဆောင်သွားသူအား သြဂုတ် ၁၉ရက်မွန်းလွဲ ၂ နာရီခန်က ဖမ်းဆီးမိခဲ့ပြီး နာရီပိုင်းအတွင်း ဖေါ် ထုတ်နိုင်ခဲ့ကာ ၄င်းအား ပြည်သူပိုင်ပစ္စည်းထိန်းသိမ်းစောင့်ရှောက်မှု ဥပဒေ ပုဒ်မ ၆/၁ ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း ချမ်းမြ သာစည်မြို့နယ်မှူး ရဲမှူး စံသူကပြောသည်။

ဖေါက်ထွင်းမှုမှာ သြဂုတ် ၁၈ ရက်ညပိုင်းခန့်က ဖြစ်၍ မဟာမြတ်မုနိဘုရားလုံခြုံရေးအဖြစ် ၂ နှစ်ခန့်လုပ် ဆောင်ခဲ့သူဖြစ်ပြီး CCTV ကင်မရာ မှတ်တမ်းများ စစ်ဆေးကြည့်ရှုကာ မသင်္ကသူတစ်ဦးအားတွေ့ရှိရာမှ ဖေါက်ထွင်းသူနေအိမ်သို့ သွားရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“CCTV မှတ်တမ်းကြည့်တော့ မသင်္ကာဖွယ် တစ်ယောက်တွေ့တယ်။ဘုရားကြီးလုံခြုံရေးဝန်ထမ်းလုပ်တာ၂ နှစ်လောက်ရှိတဲ့သူပါ။နေ့လည်မှာ သူ့အိမ်သွားဖမ်းခဲ့တယ်။မနက် ၁၀နာရီမှာ ဂေါပကအဖွဲ့က အဲဒီအခန်းထဲမှာ ငွေမရေဖြစ်သေးတဲ့ အလှူခံပုံးက မှန်ကွဲနေတာကို တွေ့တယ်။ ဖေါက် ထွင်းသူကို ပုဒ်မ ၆/၁ နဲ့ လတ်တလော အရေးယူထားတယ်”ဟု ၄င်းကပြောသည်။

မဟာမုနိဘုရားကြီးမှာ ဂဇက်ဝင်ဘုရားဖြစ်သည့်အတွက် ပြည်သူပိုင်ပစ္စည်းဥပဒေပုဒ်မ ၆/၁ ဖြင့် လတ်တလော တွင် အမှုဖွင့်ထားသော်လည်း အများနှင့် သက်ဆိုင်သည့်အတွက် နောက်ပိုင်းတွင် အများနှင့်သက်ဆိုင်သည့် ပစ္စည်းများကာကွယ်စောင့်ရှောက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူသွားမည်ဟု သိရသည်။

“စစ်ဆေးချက်တွေအရ အလှူခံပုံးက သော့ကို ဖျက်သေးတယ်။မရတော့မှ မှန်ကို လက်ဖနောင့်နဲ့ ခွဲပြီး အတွင်း ထဲက ငွေတွေ ရွှေဆိုင်းတွေ ယူသွားခဲ့တာ။ငွေသား ၃၆ သိန်းကျော်နဲ့ ရွှေဆိုင်းတွေနဲ့ အတူ လှူထားတဲ့ နိုင်ငံခြားငွေတွေ ဖမ်းမိတယ်။”ဟု ဆက်လက်ပြောကြားသည်။

ဖြစ်စဉ်မှာ အလှူခံပုံးထားရှိသည့် ရုံခန်းအနီးမှ အခန်းထဲတွင် မဟာမုနိဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီက အလှူငွေများ ရေတွက်ရန် ၀င်ရောက်ခဲ့ရာမှ သိရှိခဲ့ခြင်းဖြစ်ပြီး အလှုခံပုံးမှ မှန်များကွဲနေကြောင်း၊ဖေါက်ထွင်း ၀င်ရောက်သူသည် အခန်း၏ အခေါင်မိုးမှ သွပ်တစ်ချပ်ကို လှန်၍ အတွင်းမျက်နာကျက်ကို ရိုက်ခွဲဝင်ရောက် ခဲ့ကြောင်းသိရသည်။

Mandalay News
https://www.facebook.com/lin.aung.777/
မန္တလေးမြို့၊ မဟာမုနိဘုရားကြီးမှ ဘဏ္ဍာပစ္စည်းများထားရှိသောအခန်းကို ဖေါက်ထွင်းခဲ့သူမှာ ဘုရားကြီး လုံခြုံရေးဝန်ထမ်းဖြစ်ပြီး ပုဒ်မ ၆/၁ ဖြင့် အမှုဖွင့် မန္တလေးမြို့၊ မဟာမုနိဘုရားကြီးမှ ဘဏ္ဍာပစ္စည်းများထားရှိသောအခန်းကို ဖေါက်ထွင်းခဲ့သူမှာ ဘုရားကြီး လုံခြုံရေးဝန်ထမ်းဖြစ်ပြီး ပုဒ်မ ၆/၁ ဖြင့် အမှုဖွင့် Reviewed by THITHTOOLWIN on 22:35 Rating: 5
Powered by Blogger.