ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်အပိုင် ရန်ကုန်-နေပြည်တော်အမြန်လမ်း မိုင်တိုင်အမှတ်၁၀၀/အနီးမှာ သြဂုတ်လ (၁၇)ရက် ညနေ(၃)နာရီခန့်က မျိုးဆက်သစ်ခရီးသည်တင်ယာဉ်တစ်စီးအရှိန်လွန် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။
ရန်ကုန်ဘက်မှ နေပြည်တော်ဘက်ကို ဃရီးသည်(၂၇)ဦး တင်ဆောင်မောင်းနှင်လာတဲ့ မျိုးဆက်သစ်ခရီးသည်တင်ယာဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာပါ။ ယာဉ်တိမ်းမှောက်ရာကို (၁၁၅)မိုင် အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအုပ်ဇော်လင်းနိုင်နဲ့ တပ်ဖွဲ့ဝင်တွေ၊ (၁၀၅)မိုင် အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ မြို့ချောင်းအမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူမှုရေးပရဟိတအသင်းအဖွဲ့တွေ ရောက်ရှိကာ ထိခိုက်ဒဏ်ရာရရှိသူ ယာဉ်မောင်းပါ ခရီးသည်ကျား(၉)ဦး ၊ မ (၁၃)ဦး စုစုပေါင်း (၂၂) ဦးကို ဖြူးမြို့နယ်ပြည်သူ့ဆေးရုံကို ပို့်ဆောင်ကုသထားတယ်လို့ သိရပါတယ်။
ယာဉ်မှာလည်း ရှေ့လေကာမှန်ကွဲအက်ပြီး ယာဘက်ခြမ်း ဘော်ဒီပိန်ချိုင့်ပျက်စီးခဲ့ပါတယ်။ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖြူးမြို့နယ် Pioneer ၁၁၅မိုင်အမြန်လမ်းရဲစခန်းကယာဉ်အားပေါ့ဆစွာမောင်းနှင်သူယာဉ်မောင်း ခိုင်ဝင်းကို အမှုဖွင့်အရေးယူဆောင်ရွက်ထားပါတယ်။
သတင်း - ခင်ကို(ကျောက်တံခါး)(5 Plus News)
5 PLUS NEWS
https://www.facebook.com/5plusnews
အမြန်လမ်းမှာ ခရီးသည်တင်ယာဉ်တိမ်းမှောက် ခရီးသည် ၂၀ ကျော်ဒဏ်ရာရ
Reviewed by THITHTOOLWIN
on
21:57
Rating:
