မလေးရှားငွေကြေး တရားခံ ထွက်မလာသေး

(ဆောက်လုပ်ရေး အလုပ်သမားတစ်ဦးကို 1Malaysia Development Berhad (1MDB) လမ်းဘေးကြော်ငြာ ဆိုင်းဘုတ်ကြီးရှေ့မှာ ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က တွေ့ရစဉ်)
မလေးရှားနိုင်ငံက 1MDB ဆိုတဲ့ ဒေါ်လာကုဋေနဲ့ချီတဲ့ အစိုးရရန်ပုံငွေ အလွဲသုံးစားမှုအတွက် ဘယ်မှာအမှုကြားနာကြားနာ တရားမျှတမှာမဟုတ်လို့ ဘယ်နိုင်ငံမှာမဆို လူသူရှေ့မှောက် သူထွက်လာမှာမဟုတ်ဘူးလို့ အရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်တဲ့ မလေးရှားလူမျိုး စီးပွားရေးလုပ်ငန်းရှင် Low Taek Jho က ပြောတယ်လို့ သူ့ပြောခွင့်ရသူက အီးမေးလ်ကနေတဆင့် Wall Street ဂျာနယ်ကို မနေ့က အကြောင်းကြားပါတယ်။

ဒီအရှုပ်တော်ပုံမှာ သူက အဓိကပဲလို့ အမေရိကန်ပြည်ထောင်စုနဲ့ မလေးရှားက စုံစမ်းစစ်ဆေးရေးမှူးတွေက သတ်မှတ်ထားပါတယ်။

သူဘယ်ရောက်နေမှန်းမသိရဘဲ သူ့မလေးရှား နိုင်ငံကူးလက်မှတ်ကိုတော့ သက်ဆိုင်ရာက ပြန်သိမ်းထားပေမယ့် တရုတ်ပြည်မကြီးမှာ ရှိနေလိမ့်မယ်လို့ မလေးရှား အာဏာပိုင်တွေက ယူဆပါတယ်။ လုပ်ငန်းရှင် Low ကတော့ ဒေါ်လာသန်းလေးထောင်ခွဲ အရှုပ်တော်ပုံကိစ္စမှာ သူအမှားမလုပ်ခဲ့ဘူးလို့ ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မလေးရှားငွေကြေး တရားခံ ထွက်မလာသေး မလေးရှားငွေကြေး တရားခံ ထွက်မလာသေး Reviewed by THITHTOOLWIN on 09:38 Rating: 5
Powered by Blogger.