ရဲတပ်ဖွဲ့ဝင်လေးဦး ဓားဖြင့်ခုတ်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံပြေးများကို ကူညီစုံစမ်းသတင်းပေးရန် သတင်းထုတ်ပြန်


ပဲခူး သြဂုတ် ၂၃

ပဲခူးမြို့နယ် အမှတ်(၃)နယ် မြေရဲစခန်း အပိုင်တွင် ယခုလ ၂၁ ရက်ကဖြစ်ပွားခဲ့သော ရဲတပ်ဖွဲ့ဝင် လေးဦးဓားဖြင့်ခုတ်ခံရသည့်ဖြစ်စဉ် နှင့်ပတ်သက်၍ ပဲခူးအမှတ်(၃) နယ်မြေရဲစခန်းမှ(ပ)၁၁ဝ၅/၂ဝ၁၈၊ ရာဇသတ်ကြီး ပုဒ်မ၃၂၆/၃၂၄/ ၃၂၃/၁ဝ၄ အရ အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူများအားဖော်ထုတ် နိုင်ရေးပူးပေါင်းအဖွဲ့မှ စုံစမ်း စစ်ဆေးချက်အရကျူးလွန်သူများမှာ ဝင်းဇော်ဦး(၄၂နှစ်)ကျန်စစ်သား လမ်းသွယ် ဥဿာမြို့သစ် ပဲခူးမြို့ နေသူနှင့် ကျော်သူရမျိုး (ခ)ကျော် ကြီး(၂၅နှစ်)စကားဝါလမ်းဈေးပိုင်း ရပ်ကွက် သနပ်ပင်မြို့နေသူတို့ နှစ်ဦးမှအုပ်စုဖွဲ့ကျူးလွန်ခဲ့ကြောင်း သိရသည်။

တရားခံပြေးဖြစ်သူ ဝင်းဇော် ဦးမှာပဲခူး အမှတ်(၃) နယ်မြေ ရဲ စခန်းမှ(ပ)၃၃၁/၂ဝ၁၇၊ရာဇသတ် ကြီးပုဒ်မ ၃၉၄မှ ထွက်ပြေးလွတ် မြောက်နေသောတရားခံပြေးတစ်ဦး ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူများဖြစ် သော တရားခံပြေး ဝင်းဇော်ဦးနှင့် ကျော်သူရမျိုး(ခ)ကျော်ကြီ နှစ်ဦး အားအမြန်ဖမ်းဆီးရမိရေးအတွက် ကူညီစုံစမ်းသတင်းပေးနိုင်ပါရန် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်သတင်းပေးနိုင်ပါကြောင်း နှင့်တရားခံပြေးများအား လက်ခံ ထားသူ၊ ကူညီထောက်ပံ့သူများ အားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မေတ္တာရပ်ခံတင်ပြအပ်ပါသည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ရေး သား ဖော်ပြထားကြောင်း သိရ သည်။

ကျော်ကျော်(မလှိုင်)
The Union Daily
https://www.facebook.com/uniondaily.net
ရဲတပ်ဖွဲ့ဝင်လေးဦး ဓားဖြင့်ခုတ်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံပြေးများကို ကူညီစုံစမ်းသတင်းပေးရန် သတင်းထုတ်ပြန် ရဲတပ်ဖွဲ့ဝင်လေးဦး ဓားဖြင့်ခုတ်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံပြေးများကို ကူညီစုံစမ်းသတင်းပေးရန် သတင်းထုတ်ပြန် Reviewed by THITHTOOLWIN on 20:50 Rating: 5
Powered by Blogger.