၇ရက်အတွင်း မူးယစ်မှု ၃၅၈ မှု ဖမ်းဆီးရမိ

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်မှာ ၂၀၁၈ သြဂုတ်လ ၉ ရက်နေ့က စိတ်ကြွဆေးပြားတွေနဲ့ ဖမ်းဆီးရမိသူတွေကို တွေ့ရစဉ်/ Photo: Yangon Police
သြဂုတ်လ ၅ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ၇ ရက်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၃၅၈ မှုနဲ့ တရားခံ ၄၈၆ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေထဲမှာ ဘိန်းဖြူ၊ ICE၊ ဘိန်းစိမ်း၊ အဆင့်နိမ့်ဘိန်း၊ ဘိန်းစာမှုန့်၊ ဘိန်းစာရွက်၊ စိတ်ကြွဆေးပြား၊ ဆေးခြောက်၊ စိတ်ကြွဆေးပြားအမှုန့်တို့အပြင် လက်နက်၊ ကျည် နဲ့ လက်ပစ်ဗုံးတွေကိုလည်း သိမ်းဆည်းရမိထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေထဲမှာ စိတ်ကြွဆေးပြား စုစုပေါင်း ၈ သန်းကျော် ပါဝင်ပါတယ်။

အဲဒီစာရင်းတွေဟာ ဇွန်လ ၂၆ ရက်နေ့ကစပြီး မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနကို ပေးပို့ တိုင်ကြားလာတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက ထပ်မံ ဖော်ထုတ်ဖမ်းဆီးအရေးယူ ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတတာဝန်ကို ဦးဝင်းမြင့် လွှဲပြောင်းရယူချိန်ကစပြီး မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာန ကို သမ္မတရုံးမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး တိုင်ကြားသူတွေကိုလည်း ဆုကြေးငွေပေးမယ်လို့ ကြေညာထားတာဖြစ် ပါတယ်။

RFA Burmese
https://www.rfa.org/burmese
၇ရက်အတွင်း မူးယစ်မှု ၃၅၈ မှု ဖမ်းဆီးရမိ ၇ရက်အတွင်း မူးယစ်မှု ၃၅၈ မှု ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:23 Rating: 5
Powered by Blogger.