![]() |
(တရုတ် သမ္မတ Xi Jinping နဲ့ အမေရိကန် သမ္မတ Donald Trump တို့ကို တွေ့ရစဉ်) |
တရုတ်နိုင်ငံကလည်း အပြန်အလှန်အားဖြင့် အမေရိကန်ပြည်ထောင်စုက တင်ပို့မယ့် ဒေါ်လာ ၁၆ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းတွေအပေါ် အခွန်ကောက်မယ်လို့ ပြောကြားထားပါတယ်။ တရုတ်အစိုးရ ဒုတိယ စိုက်ပျိုးရေးဝန်ကြီး Han Jun ဟန်ဂျွန်းက အဲဒီလို အခွန်ကောက်တာနဲ့ တပြိုင်နက် အမေရိကန်ပြည်ထောင်စုက တင်ပို့တဲ့ ပစ္စည်းပမာဏ သိသိသာသာ ကျဆင်းသွားမှာဖြစ်ကြောင်းနဲ့ ကုန်သွယ်စစ်ပွဲမှာ အမေရိကန် ပြည်ထောင်စုကသာ ပိုမို နစ်နာမှာဖြစ်ကြောင်း မနေ့က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုကနေ တရုတ်နိုင်ငံကို ပဲဗိဇပ် တန်ချိန် သန်း ၉ဝ နှစ်စဉ် တင်သွင်းနေပါတယ်။ ပြည်တွင်းလိုအပ်ချက်တွေကို အမေရိကန်ပြည်ထောင်စုထက် ဈေးသက်သာမယ့် ဘရာဇီးလ်လို နိုင်ငံတွေက မိမိတို့ ပြောင်းလဲဝယ်ယူမယ်လို့ သူက ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ တရုတ် နိုင်ငံတော်ကောင်စီ ဖွံ့ဖြိုးရေးသုတေသနဌာန အကြီးအကဲတစ်ဦးက အမေရိကန်ပြည်ထောင်စုနဲ့ ကုန်သွယ်စစ်ပွဲမှာ တရုတ်စီးပွားရေး တည်ငြိမ်ဖို့အတွက် နိုင်ငံခြားကို ပစ္စည်းတင်ပို့ရောင်းချတဲ့ တရုတ်ကုမ္ပဏီတွေကို အစိုးရက အခွန်ငွေလျှော့ပေးခြင်းနဲ့ ငွေကြေးထောက်ပံ့ခြင်းတွေ ပြုလုပ်ဖို့ မနေ့က အကြံပေးလိုက်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
အမေရိကန် နဲ့ တရုတ် ကုန်သွယ်စစ်ပွဲ ဆက်လက်ဖြစ်ပွား
Reviewed by THITHTOOLWIN
on
09:33
Rating:
