![]() |
နမူနာဓါတ်ပုံသာဖြစ်ပါသည်။ |
ပဲခူးခရိုင် ညောင်လေးပင်မြို့နယ် ထော်နွတ်ကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းပေါ်၌ သြဂုတ် ၅ ရက် နံနက် ၁၁နာရီအချိန်က လမ်းကြိတ်စက်ကြိတ်မိ၍ လမ်းအလုပ်သမ အမျိုးသမီး သေဆုံးမှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။
ယာဉ်မတော်တစ်ဆမှုဖြစ်ပွားကြောင်းသတင်းအရ ပိန်းဇလုပ်နယ် မြေရဲစခန်းမှရဲတပ်ဖွဲ့ဝင်များကသွားရောက် စစ်ဆေး ခဲ့ရာ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၁ဝ၅/၆နှင့်၁ဝ၅/၇)အကြား ထော်နွတ်ကျေးရွာအနီးတွင် လမ်းအလုပ်သမား ၁၂ ဦးဖြင့် မိုးရာသီကာလ ပျက်စီးသွားသော လမ်းပေါက်များအား ဖာထေးခြင်း လုပ်ငန်းများဆောင်ရွက်နေစဉ် ဟိန်းစည်သူ(ခ) ကိုဟိန်း ၂၅ နှစ်၊ အိုလံပစ်လမ်းစီမံကိန်းရုံးနေသူ သည် ဖာထေးပြီးသည့် နေရာများကိုကြိတ်ရန် လမ်းကြိတ်စက်အားမောင်းနှင်ခဲ့ရာ မှ လမ်းအလုပ် သမတစ်ဦးဖြစ်သူ မမြင့်ဇွန်မွန်(ခ)လုံးတင်မ(၁၉)နှစ် အားကြိတ်မိခဲ့ပြီး ရရှိသောဒဏ်ရာများဖြင့်သေဆုံးသွားခဲ့၍ လမ်းကြိတ်စက်မောင်းနှင်သူ ဟိန်းစည်သူ (ခ)ကိုဟိန်း အား ပိန်းဇလုပ်နယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လမ်းကြိတ်စက်ကြိတ်မိ၍ လမ်းအလုပ်သမ အမျိုးသမီးသေဆုံး
Reviewed by THITHTOOLWIN
on
20:30
Rating:
