မြစ်ကြီးနား၌ အမည်မသိလူနှစ်ဦးမှ နေအိမ်ဝင်ရောက် ခြိမ်းခြောက်ကာ နေအိမ် မီးရှို့ထွက်ပြေး


မြစ်ကြီးနား ဩဂုတ် ၂၅

ကချင်ပြည်နယ်မြစ်ကြီးနားမြို့မြေမြင့်ရပ်ကွက်၌ဩဂုတ်၂၄ရက်ညနေ၅နာရီ၁၅မိနစ်ခန့်ကအမည်မသိလူနှစ်ဦးမှနေအိမ်အတွင်းဝင်ရောက်ကာခြိမ်းခြောက်ပြီးနေအိမ်မီးရှို့ထွက်ပြေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာဩဂုတ်၂၄ရက်ညနေ၅နာရီ၁၅မိနစ်ခန့်ကမြေမြင့်ရပ်ကွက်၊နယ်မြေ၃နေဒေါ်ဂျာအိန်(၃၁)နှစ်သည်မြို့တွင်းရှိသဇင်ဆေးခန်းတွင်အလုပ်လုပ်နေစဉ် အိမ်နီးချင်းတစ်ဦးမှ “မင်းတို့အိမ်မှာ ပြဿနာတက်နေပြီ အမြန်ပြန်ခဲ့တော့”ဟုဖုန်းဖြင့်အကြောင်းကြားခဲ့သဖြင့်နေအိမ်သို့ပြန်လာရာ နေအိမ်တွင်လူများဝိုင်းအုံနေပြီးနေအိမ်အတွင်းအိပ်ယာ၊ခြင်ထောင်နှင့်ထရံတို့မှာမီးလောင်ကျွမ်းနေကြောင်း တွေ့ရှိရ၍ နေအိမ်တွင်တစ်ဦးတည်းကျန်ရှိသည့် ညီမဝမ်းကွဲတော်စပ်သူ မအောန်ဆိုင်း(၁၇)နှစ်အား မေးမြန်းကြည့်ရာ ညနေ ၄နာရီခန့်က နေအိမ်သို့ အမည်မသိ လူနှစ်ဦးရောက်ရှိလာပြီး ၎င်းအားပါးစပ်ကို လက်ဖြင့်ပိတ်ကာ ဒေါ်ဂျာမိုင်လု၏ အိပ်ခန်းသို့ ခေါ်ဆောင်သွားကာနောက်လူတစ်ဦးမှအသင့်ယူဆောင်လာသည့်ခဲရောင်တိပ်ထုတ်ပေးသဖြင့် ပါးစပ်အားတိပ်ဖြင့်ပိတ်ပြီး အဝတ်ဖြင့်စည်းထားကြောင်း၊လက်နှစ်ဖက်အား ဝိုင်ယာကြိုးဖြင့် နောက်ပြန်ချည်နှောင်ကာကုတင်တိုင်တွင်ကပ်လျက်တုတ်နှောင်ထားကာ“ဂျာမိုင်လု(ဒုတိယမြို့နယ်ဥပဒေအရာရှိ)ဘယ်မှာလည်း၊ငါလူမသတ်ခြင်ဘူး ဂျာမိုင်လုကောင်းကောင်းနေ ” ဟု ပြောဆိုပြီး အိပ်ယာ၊စောင်နှင့် ခေါင်းအုန်းတို့အား မီးရှို့ကာ ထွက်ပြေးသွားကြောင်း၊ထိုသို့ မီးရှို့ထွက်သွားချိန်တွင် မအောန်ဆိုင်းမှ ချည်နှောင်ထားသည့် ကြိုးများအားရုန်းထွက်ကာ နေအိမ်ပြင်ပသို့ရောက်ရှိချိန်တွင်မြို့နယ်မီးသတ်ဦးစီးဌာနမှမီးငြှိမ်းသတ်မှုများဆောင်ရွက်ပေးခဲ့သဖြင့် ညနေ ၅ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ နေအိမ်အားမီးရှို့ကာ ခြိမ်းခြောက်စကားပြောဆိုထွက်ပြေးသွားသူ အမည်မသိ အမျိုးသားနှစ်ဦးအား အမြန်ဆုံးဖမ်းဆီးနိုင်ရေး မြစ်ကြီးနားနယ်မြေရဲတပ်ဖွဲ့စခန်းမှ စုံစမ်းလျက်ရှိကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
မြစ်ကြီးနား၌ အမည်မသိလူနှစ်ဦးမှ နေအိမ်ဝင်ရောက် ခြိမ်းခြောက်ကာ နေအိမ် မီးရှို့ထွက်ပြေး မြစ်ကြီးနား၌ အမည်မသိလူနှစ်ဦးမှ နေအိမ်ဝင်ရောက် ခြိမ်းခြောက်ကာ နေအိမ် မီးရှို့ထွက်ပြေး Reviewed by THITHTOOLWIN on 15:26 Rating: 5
Powered by Blogger.