မုံရွာ-မန္တလေးကားလမ်းမှာ ခရီးသည်တင်ယာဉ် တိမ်းမှောက် (၇)ဦး ဒဏ်ရာရ


၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာအနီး မုံရွာ-မန္တလေးကားလမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာ (၇)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

 ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ကြီးကျေးရွာနေ ကျော်လွှမ်းမိုး(၃၈)နှစ်မောင်းနှင်လာသည့် 9M/×××× HAISE အမျိုးအစား ခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တံတားအမှတ်(၂/၅၅)အား ဝင်ရောက်တိုက်မိ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

 ယာဉ်မောင်း ကျော်လွှမ်းမိုးနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ချောင်းဦးမြို့နေ မဆွေမာ(၄၅)နှစ်အပါအ၀င် (၆)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ကျော်လွှမ်းမိုး အား မြင်းမူမြို့မရဲစခန်းမှ ယာဉ်(ပ)၄၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အရေးယူ ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
မုံရွာ-မန္တလေးကားလမ်းမှာ ခရီးသည်တင်ယာဉ် တိမ်းမှောက် (၇)ဦး ဒဏ်ရာရ မုံရွာ-မန္တလေးကားလမ်းမှာ ခရီးသည်တင်ယာဉ် တိမ်းမှောက် (၇)ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 21:52 Rating: 5
Powered by Blogger.