နိရဉ္စရာ၊ သြဂုတ် ၁၃
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ချီလည်ပွင်းကျေးရွာတွင် မင်းချောင်း ဒီရေတက်လာသဖြင့် ရွာထဲတွင် သုံးပေထိ ရေနစ်မြုပ် နေကြောင်း သတင်း ရရှိသည်။
ထိုသို့ မင်းချောင်းရေ မြင့်တက်လာမှုနှင့် အတူ ရွာထဲတွင် သုံးပေထိ ရေတက်လာသဖြင့် စစ်တွေမြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးဟန်စိုး ဦးဆောင်၍ တပ်ဖွဲ့ဝင်(၁၁)ဦးမှ သွားရောက်ပြီး အခြေအနေများကို အနီးကပ် စောင့်ကြည့်လျက်ရှိနေကြောင်း Rakhine Fire Force ၏ ဖေ့စ်ဘုတ်စာမျက်နာတွင် ဖော်ပြထားသည်။
နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန်က ရေများ မြင့်တက်လာပြီး ရွာထဲထိ ၀င်လာသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ဘောကွင်းများ၊Lifejacket များ၊ အသက်ကယ်ကြိုးများဖြင့် လိုအပ်လာပါက ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း သတင်းရရှိသည်။
Narinjara
https://www.facebook.com/Narinjara
စစ်တွေမြို့နယ် ချီလည်ပွင်းကျေးရွာတွင် ရေသုံးပေထိနစ်မြုပ်
Reviewed by THITHTOOLWIN
on
18:52
Rating:
