ဆိုင်ကယ်လိုက်လံပေါင်နှံနေသူတစ်ဦးကို မင်္သကာဖွယ် စစ်ဆေး တွေ့ရှိ၍ မြဝတီမြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေး
မြ၀တီ သြဂုတ် ၁၀
ကရင်ပြည်နယ်ရဲတပ်ဖွဲ့၊မြဝတီမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ရဲအုပ်အောင်ချမ်းမွန် ဦးစီးသည့်နယ်ထိန်းတပ်ဖွဲ့ဝင်များသည့် သက်သေများနှင့်အတူသြဂုတ်လ ၈ရက်နေ့ကမြဝတီမြို့ပေါ်ရပ်ကွက်များ လှည့်ကင်းများနယ်မြေသတင်းစုံစမ်းနေစဉ် မြဝတီမြို့၊အမှတ်(၅)ရပ်ကွက်တွင် အမျိုးသားတစ်ဦး ဆိုင်ကယ်တစ်စီးအား လိုက်လံပေါင်နှံနေသည်ကို မသင်္ကာဖွယ်ရာတွေ့ရှိကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်အတွင်းရှိရေပူကျေးရွာလမ်းမပေါ်တွင် ရဲလင်းဖြိုး(ခ)အငယ်ကောင်၊ရွှေက္ကိုလ်ကျေးရွာ၊မြဝတီမြို့နယ်နေသူအား နံပါတ်မပါ Wave-125 အနက်ရောင် နှင့်အတူ တွေ့ရှိ၍ စစ်ဆေးခဲ့ကာ ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ခိုင်လုံစွာပြောဆိုပြသနိုင်ခြင်းမရှိ၍ နေအိမ် အဆောက်အဦးတစ်ခုခုအတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ် စစ်ဆေးတွေ့ရှိ၍ ရဲအုပ်အောင်ချမ်းမွန်က သက်သေ များရှေ့ ရှာဖွေပုံစံဖြင့်သိမ်းဆည်းခဲ့သည်။
ထို့ကြောင့် ရဲလင်းဖြိုး(ခ)အငယ်ကောင်အား မြဝတီမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဆိုင်ကယ်လိုက်လံပေါင်နှံနေသူတစ်ဦးကို မင်္သကာဖွယ် စစ်ဆေး တွေ့ရှိ၍ မြဝတီမြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေး
Reviewed by THITHTOOLWIN
on
09:42
Rating:
