![]() |
ပူတင်ကို မဟာချီးမွမ်းခန်းဖွင့်သူ စတီဗင်ဆီးဂဲလ် |
စတီဗင်ဆီးဂဲလ်ဟာ ရုရှား နိုင်ငံသား အဖြစ် ၂ဝ၁၆ တုန်းက ရရှိထားပါတယ်။
သမ္မတပူတင်ဟာ အင်မတန်တော်တဲ့ ကမ္ဘာ့ခေါင်းဆောင် တစ်ယောက် ဖြစ်တယ် ဆိုပြီး စတီဗင်ဆီးဂဲလ်က ချီးကျူး ပြောဆိုပါတယ်။
ကိုယ်ခံပညာ၊ သိုင်းပညာကို ပညာရှင် အဆင့် ကျွမ်းကျင်သူဖြစ်တဲ့ စတီဗင်ဆီးဂဲလ်ဟာ အမေရိကန်ဖွား တစ်ဦး ဖြစ်ပြီး ၁၉၈ဝနဲ့ ၉ဝ ပြည့်ကျော်နှစ်တွေမှာ အက်ရှင် ဇာတ်ကားကြမ်းတွေနဲ့ အောင်မြင်မှု ရလာခဲ့သူ ဖြစ်ပါတယ်။
အမေရိကန်နဲ့ ဆက်ဆံရေး တိုးတက်အောင် လုပ်ဆောင်ပေးဖို့ စတီဗင်ဆီးဂဲလ်ကို အထူးသံ အဖြစ် ခန့်လိုက်တယ် ဆိုပြီး ရုရှား နိုင်ငံခြားရေး ဌာနက သူတို့ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ တဆင့် ကြေညာခဲ့ပါတယ်။
![]() |
ဖေ့စ်ဘွတ်ခ်ကနေ ကြေညာ |
အသက် ၆၆ နှစ် ရှိပြီ ဖြစ်တဲ့ စတီဗင်ဆီးဂဲဟာ အခုချိန်ထိအောင် ရုရှား ပရိသတ်တွေကြား လူကြိုက်များ ခံရတဲ့ အသည်းစွဲ မင်းသား ဖြစ်နေပါတယ်။
ဒေါ်နယ်ထရမ့် အနိုင်ရခဲ့တဲ့ ၂ဝ၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားက ကြားဝင် စွက်ဖက်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စတီဗင်ဆီးဂဲလ်ဟာ ရုရှားဘက်က ရပ်တည်လို့ ကာကွယ် ပြောဆို ခဲ့ပါတယ်။
ပူတင်ဟာ အင်မတန် တော်တဲ့ သက်ရှိ ထင်ရှား ကမ္ဘာ့ခေါင်းဆောင် တစ်ယောက် ဖြစ်တယ်လို့လည်း စတီဗင်ဆီးဂဲလ် ချီးမွမ်းခန်း ဖွင့်ထားပါတယ်။
စတီဗင်ဆီးဂဲလ်ဟာ ၂ဝ၁၆ မှာ ရုရှား နိုင်ငံသား ရသလို၊ ဘော်လ်ကန်ဒေသ နိုင်ငံ တစ်ခု ဖြစ်တဲ့ ဆားဘီးယား နိုင်ငံသားလည်း အဲဒီ နှစ်မှာပဲ ရရှိထားသူ ဖြစ်ပါတယ်။
BBC Burmese
https://www.bbc.com/burmese
စတီဗင်ဆီးဂဲလ် ရုရှားကိုယ်စားလှယ် ဖြစ်လာပြီ
Reviewed by THITHTOOLWIN
on
20:55
Rating:
